Samsung Galaxy S24 Series ကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။ Samsung Galaxy S24, S24+ နဲ့ S24 Ultra ဟာ စမတ်အကျဆုံး AI ဖုန်းတွေ ဖြစ်မယ်လို့ သတင်းထွက်နေပြီး အခုတော့ အဲဒီဖုန်းတွေမှာ ပါလာမယ့် AI လုပ်ဆောင်ချက်တွေကို သိလာရပါပြီ။

Leaked Samsung Galaxy S24 series renders reveal colour options, details  about AI features

အဲဒီဖုန်း ၃ လုံးမှာ Live Translate နဲ့ Generative Edit စတဲ့ AI လုပ်ဆောင်ချက်တွေ ပါလာမယ်လို့ သိရပါတယ်။ Live Translate က ဖုန်းပြောနေချိန်မှာ မတူညီတဲ့ ဘာသာစကားတွေကို အချိန်နဲ့ တပြေးညီ ဘာသာပြန်ပေးနိုင်ပါတယ်။ အဲဒီလုပ်ဆောင်ချက်အတွက် အင်တာနက် ဆက်သွယ်မှု မလိုပါဘူး။

Generative Edit က Google ရဲ့ Magic Editor နဲ့ တူညီပြီး ဓါတ်ပုံတွေကို AI နည်းပညာနဲ့ Edit လုပ်နိုင်မှာ ဖြစ်ပြီး အင်တာနက် ဆက်သွယ်မှု လိုအပ်ပါတယ်။

ဒါ့အပြင် Galaxy S24 Series မှာ Nightography Zoom, High Resolution နဲ့ Screen Display ပါလာမှာ ဖြစ်ပြီး အဲဒီလုပ်ဆောင်ချက်တွေမှာ AI သုံးထားမလားဆိုတာ မသိရသေးပါဘူး။

High Resolution က ဖုန်း ပင်မ ကင်မရာကနေ အမြင့်ဆုံး Resolution နဲ့ ဓါတ်ပုံတွေ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ Nightography က ညဘက်မှာ ဓါတ်ပုံ ကောင်းကောင်း ရိုက်ကူးပေးနိုင်ပြီး Screen Display က ဖုန်းကြည့်ရင် ပြားချပ်တဲ့ အရသာကို ခံစားရမှာ ဖြစ်ပါတယ်။

Galaxy S24 Series ရဲ့ ပေါက်ကြားထားတဲ့ Specs Sheet ကို အောက်မှာ လေ့လာနိုင်ပါတယ်။

Ref : gsmarena