Samsung ဟာ လက်ရှိအချိန်မှာ စျေးနှုန်းသက်သာတဲ့ Galaxy Tab A Tablet အသစ်ဖြစ်တဲ့ Galaxy Tab A8 10.5″ ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Tablet ဟာ ယခင်ထက် Screen Size ပိုကြီးမားလာသလို Storage ပိုင်း၊ Performance ပိုင်းမှာလည်း အဆင့်မြှင့်တင်ထားခဲ့တာဖြစ်ပါတယ်။

Display ပိုင်းအနေနဲ့ကတော့ Samsung Galaxy Tab A8 10.5″ ဟာ 10.5″ LCD Display ကိုမှ 16:10 Aspect Ratio ကို အသုံးပြုထားပြီး Resolution အနေနဲ့ 1920×1200 Pixels ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် ယခင်တုန်းက 15:9 Aspect Ratio အသုံးပြုထားတဲ့ 10.4″ Galaxy Tab A7 ထက် ပိုပြီးအသုံးပြုရတာအဆင်ပြေမှာဖြစ်ပါတယ်။ Audio ပိုင်းအနေနဲ့လည်း Dolby Atmos ကို Support ပြုလုပ်တဲ့ Four Speaker Setup ပါဝင်မှာပါ။

Performance ပိုင်းမှာတော့ Samsung Galaxy Tab A8 ဟာဆိုရင် ယခင်ထက် ၁၀ ရာခိုင်နှုန်း စွမ်းဆောင်ရည်ပိုကောင်းတဲ့ Chipset ကို အသုံးပြုထားပြီး GPU ပိုင်းမှာလည်း ၁၀ ရာခိုင်နှုန်းပိုကောင်းလာမယ်လို့ သိရပါတယ်။ Samsung ကတော့ တရားဝင်ပြောကြားခဲ့ခြင်းမရှိပေမယ့် Unisoc Tiger T618 12nm Chipset ဖြစ်တယ်လို့ ယူဆရပါတယ်။

RAM အနေနဲ့ကတော့ 4GB ပါဝင်မှာဖြစ်သလို Storage အနေနဲ့ကလည်း 64GB သို့မဟုတ် 128GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ MicroSD Card Slot လည်းပါဝင်တာကြောင့် Storage ထပ်မံလိုအပ်တဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 5MP Selfie Camera ပါဝင်မှာဖြစ်ပြီး Back Camera အနေနဲ့ကတော့ 8MP Camera ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ Battery အနေနဲ့ကတော့ 7040mAh Battery ပါဝင်မှာဖြစ်ပြီး 15W Fast Charging ကို Support ပြုလုပ်နိုင်ပေမယ့် ဘူးထဲမှာတော့ 7.5W Charger ကိုပဲ ထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ Wi-Fi Only သို့မဟုတ် Wi-Fi + LTE Option ဆိုပြီး ၂ မျိုးရွေးချယ်နိုင်မှာပါ။

Samsung Galaxy Tab A8 10.5″ ဟာ Europe မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ကတော့ €230 (မြန်မာငွေ ၄ သိန်း ၇ သောင်းဝန်းကျင်) ကနေ စတင်မယ်လို့သိရပါတယ်။

Ref – GSM Arena