Samsung ရဲ့ Flagship Tablet တစ်လုံးဖြစ်တဲ့ Galaxy Tab S4 ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၀၁၈ ခုနှစ်ကတည်းက မိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ Android 8 Oreo နဲ့ စတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ အဆိုပါ Galaxy Tab S4 အတွက် Android 10 Major Update ကို ထုတ်ပေးလိုက်ပါပြီ။

Samsung Galaxy Tab S4 ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း Android 9 Pie Update ကို ရရှိခဲ့ပြီးတော့ ယခု Update ဟာ ဒုတိယမြောက် Major Software Update လို့ပြောရမှာပါ။ အဆိုပါ Android 10 Update နဲ့အတူ Samsung Galaxy Tab S4 မှာ OneUI 2 အပြင် Android Security Patch Level ကိုလည်း June 1, 2020 Update ပါ ရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါ Software Update နဲ့အတူ Dark Mode ၊ App Icons အသစ်တွေနဲ့ UI Animation ပြောင်းလဲမှုတွေအများအပြားပါဝင်လာမယ်လို့ သိရပါတယ်။။ Full Screen Navigation Gesture အသစ်ကိုလည်း အသုံးပြုနိုင်ပြီဖြစ်သလို Quick Share နဲ့ Music Share လိုမျိုး Feature အသစ်တွေလည်းပါဝင်လာမှာဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အဆိုပါ Galaxy Tab S4 အတွက် Android 10 Update ကို Europe မှာရှိတဲ့ LTE Version အတွက် စတင်ထုတ်ပေးနေပြီးတော့ နောက်ပိုင်းမှာတော့ တခြား Region တွေအတွက်ပါ ရရှိလာမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena