Samsung က ၂၀၂၀ ခုနှစ်ထုတ် Galaxy Tab S6 Lite တက်ဘလက်ရဲ့ ၂၀၂၂ မော်ဒယ်ကို ကြေညာလိုက်ပါတယ်။ Amazon Italy မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး မေလ ၂၃ ရက်နေ့ ရောင်းချမှာ ဖြစ်ပါတယ်။
၂၀၂၀ နဲ့ ၂၀၂၂ ခုနှစ် မော်ဒယ်တွေရဲ့ Specs တွေကို နှိုင်းယှဉ်ကြည့်ရင် အဓိက ကွာခြားချက် ၂ ခု ရှိပါတယ်။ ၁ ခုက Android Version ဖြစ်ပြီး တက်ဘလက် အသစ်မှာ Android 10 အစား 12 ထည့်သွင်းထားပါတယ်။ နောက် ၁ ခုက Exynos 9611 (10nm) အစား Snapdragon 720G (8nm) Chipset ပါလာတာပါ။ အဲဒီအတွက် မော်ဒယ်အသစ်မှာ ပိုမြန်တဲ့ CPU နဲ့ ပိုကောင်းတဲ့ GPU ကို အသုံးပြုနိုင်မှာပါ။
မူလ S6 Lite အတွက် Android 12 ကို ပြီးခဲ့တဲ့ လအနည်းငယ်က ဖြန့်ချိပေးခဲ့ပြီးနောက်ထပ် Update ၁ ခုနဲ့ ၁ နှစ်ကြာ Security Patches ကို ရရှိဦးမှာပါ။ ၂၀၂၂ မော်ဒယ်အတွက် Update ပေးမယ့် အစီအစဉ်ကို မသိရသေးပါဘူး။
မော်ဒယ်အသစ်ရဲ့ 4/64GB ကို ၄၀၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၇၇၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။ Specs တွေအကြောင်း ပြောရရင် ၁၀.၄ လက်မ LCD 2000x1200p မျက်နှာပြင် တပ်ဆင်ထားပြီး S Pen ပါပါတယ်။ Snapdragon 720G Chipset မောင်းနှင်ထားပြီး 7,040mAh ဘက်ထရီ ထည့်ထားပါတယ်။ Android 12 အခြေပြု One UI 4.0 မောင်းနှင်ထားပြီး Dolby Atmos ထောက်ပံ့ထားတဲ့ AKG-tuned စပီကာတွေ ပါပါတယ်။
Ref : gsmarena