Samsung က Galaxy Unpacked Event ကို ဩဂုတ်လ ၅ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေအရ Galaxy Note20 Series , Galaxy Z Fold 2 Foldable ဖုန်းနဲ့ Galaxy Z Flip 5G တို့ကို ကြေညာမယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ Galaxy Tab S7, S7+ နဲ့ Galaxy Watch 3 တို့ကိုပါ ချပြမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Galaxy Tab S7, S7+ နဲ့ Galaxy Watch 3 တို့ကို ဒီလ ၂၂ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။

Galaxy Watch 3 ရဲ့ ပေါက်ကြားထွက်လာတဲ့ ဓါတ်ပုံမှာ ဇူလိုင်လ ၂၂ ရက်နေ့ကို တွေ့ရပါတယ်။ အဲဒီအတွက် Galaxy Unpacked Event ထက်စောပြီး Galaxy Tab S7, S7+ နဲ့ Galaxy Watch 3 တို့ကို ကြေညာမှာပါ။ ပေါက်ကြားနေတဲ့ သတင်းတွေအရ Galaxy Watch 3 အတွက် ၄၅ နဲ့ ၄၁ မီလီမီတာ အရွယ်အစား ၂ မျိုးထုတ်လုပ်ထားမှာ ဖြစ်ပြီး ၁.၄ လက်မနဲ့ ၁.၂ လက်မ မျက်နှာပြင်တွေ အသီးသီး ပါလာမှာပါ။ 340mAh နဲ့ 247mAh ဘက်ထရီတွေ အသီးသီး ထည့်ထားမှာ ဖြစ်ပြီး ရေအနက် ၅၀ မီတာ အထိ ဝတ်ဆင်နိုင်မှာပါ။  MIL-STD-810G စံနှုန်းရှိတဲ့အတွက် အကြမ်းခံပြီး LTE, GPS, Health Sensor တွေ ထောက်ပံ့ထားမှာပါ။

Galaxy Tab S7 Plus မှာ ၁၂.၄ လက်မ မျက်နှာပြင်၊ 10,090mAh ဘက်ထရီတွေနဲ့ Galaxy Tab S7 မှာ ၁၁.၄ လက်မ မျက်နှာပြင်၊ 7,860mAh ဘက်ထရီတွေ ထည့်သွင်းထားနိုင်ပါတယ်။ တက်ဘလက် ၂ လုံးစလုံးမှာ Snapdragon 865+ SoC မောင်းနှင်ထားနိုင်ပြီး 120Hz Refresh Rate နဲ့ AMOLED မျက်နှာပြင်တွေ ပါလာနိုင်ပါတယ်။ 5G , LTE နဲ့ WiFi မော်ဒယ်တွေ ထွက်လာနိုင်ပါတယ်။

Ref : gizmochina