Samsung ဟာ Android စမတ်ဖုန်းတွေနဲ့ တွဲဖက်အသုံးပြုဖို့အတွက် အကောင်းဆုံး Smartwatch တွေကို မိတ်ဆက်နေကျဖြစ်ပါတယ်။ အခုလည်း Samsung ကနေ Galaxy Watch 5 Model ၂ မျိုးကို အသစ်မိတ်ဆက်ဖို့ စီစဥ်နေပြီဖြစ်ပါတယ်။

အဆိုပါ Galaxy Watch 5 Series မှာဆိုရင် ပုံမှန်အတိုင်း Galaxy Watch 5 နဲ့ Galaxy Watch 5 Classic ပါဝင်မှာဖြစ်ပြီး အခုနောက်ဆုံးသိရတဲ့ သတင်းအရတော့ Samsung Galaxy Watch 5 Pro နာမည်နဲ့ နောက်ထပ် Smartwatch အသစ်ကိုပါ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အဆိုပါ Galaxy Watch 5 Pro ဟာ Samsung ရဲ့ အကောင်းဆုံး Smartwatch ဖြစ်လာမှာပါ။

Samsung Galaxy Watch 5 Pro ဟာ Model Number အနေနဲ့ SM-R925 လို့ သတ်မှတ်ထားပြီး Battery Capacity အနေနဲ့ 572mAh ပါဝင်မှာဖြစ်ပါတယ်။ ဒါက ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Watch 4 ရဲ့ 361mAh Battery နဲ့ယှဥ်ရင် သိသိသာသာကို တိုးတက်လာတာဖြစ်ပါတယ်။

အခုလိုမျိုး Battery Size ပိုကြီးလာတာကြောင့် Galaxy Watch 5 Pro ရဲ့ အရွယ်အစားကလည်း ပိုကြီးလာမယ်လို့ ယူဆရပြီး အနည်းဆုံး 44mm Size ရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း Design ပိုင်းမှာ ပုံမှန် Galaxy Watch 5 Series Smartwatch တွေကနေ ပြောင်းလဲမလားဆိုတာကိုတော့ မသိရသေးပါဘူး။

Ref – Gizmo China