Samsung ဟာ သူ့ရဲ့ Foldable အသစ်တွေဖြစ်တဲ့ Galaxy Z Fold4 နဲ့ Galaxy Z Flip4 တို့ကို မကြာခင် မိတ်ဆက်တော့မှာ ဖြစ်ပါတယ်။ Galaxy Z Fold4 ရဲ့ Renders ပေါက်ထွက်လာပြီးတာနဲ့ ဆက်တိုက်ဆိုသလိုပဲ Galaxy Z Flip4 ရဲ့ Renders လည်း ပေါက်ကြားပေါ်ထွက်လာပါပြီ။

ထွက်လာတဲ့ Renders အရ Galaxy Z Flip4 ရဲ့ ဒီဇိုင်းဟာ သူ့ရှေ့မျိုးဆက်ဖြစ်တဲ့ Galaxy Z Flip3 နဲ့ သိပ်အများကြီး မကွာခြားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သတင်းရင်းမြစ်တွေရဲ့ ပြောဆိုမှုအရ အထူကတော့ (7.2mm vs. 6.9mm) ဖြစ်လာတဲ့အတွက် အနည်းငယ် ပိုထူလာတယ်လို့ ဆိုနိုင်ပါတယ်။

အဓိကမျက်နှာပြင်ဟာ ထောင့်ဖြတ်တိုင်းတာမှုအရ 6.7-inch ဖြစ်တဲ့အတွက် Galaxy Z Flip3 နဲ့ အတူတူပဲလို့ မှတ်သားရပါတယ်။ ဒါပေမဲ့ ကနဦးပေါက်ကြားသတင်းအချို့အရ Cover display ဟာ ပိုပြီးကြီးလာမယ်လို့ မျှော်လင့်နိုင်ပါတယ်။ နောက်တစ်ချက်က Samsung Galaxy Z Flip4 ဟာ အနည်းငယ်ပိုကြီးတဲ့ ဘက်ထရီကို ထည့်သွင်းပေးထားမယ်ဆိုတာပါပဲ။

ဘက်ထရီပမာဏပိုကြီးလာမယ်ဆိုပေမဲ့ အားသွင်းမြန်နှုန်းကတော့ 25W Fast Charging စနစ်ပဲ သုံးလားဦးမယ်လို့သိရပါတယ်။ အခြားအချက်အလက်အနေနဲ့ Galaxy Z Flip4 မှာ မကြေညာရသေးတဲ့ Snapdragon 8 Gen 1+ SoC ကို အသုံးပြုလာမယ်ဆိုတဲ့ ကောလာဟလပါပဲ။ တရားဝင်မိတ်ဆက်ချိန်နီးလာပြီဖြစ်တာကြောင့် မကြာခင်ရက်သတ္တပတ်တွေအတွင်း ဒီ Device တွေရဲ့ အသေးစိတ်အချက်အလက်တွေ ထပ်ပြီးထွက်ပေါ်လာဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ကြရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena