Samsung Galaxy Z Fold3 နဲ့ Z Flip3 ရဲ့ သတင်းအချက်အလက်တွေ မကြာခဏပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုတော့ တောင်ကိုရီးယား မီဒီယာ ETNews က အဲဒီ စမတ်ဖုန်းတွေရဲ့ မျက်နှာပြင် အရွယ်အစား သတင်းအချက်အလက်တွေကို မျှဝေလိုက်ပါတယ်။
ETNews က Galaxy Z Fold3 ရဲ့ အပြင်ဘက် မျက်နှာပြင် အရွယ်အစားဟာ ၆.၂၃ လက်မ ဖြစ်ပြီး အတွင်းဘက် မျက်နှာပြင် အရွယ်အစားဟာ ၇.၅၅ လက်မ ရှိမယ်လို့ ပြောပါတယ်။ အရင်မျိုးဆက်ရဲ့ မျက်နှာပြင် အရွယ်အစားတွေနဲ့ ကွဲပြားမှု မရှိပါဘူး။ ဒါပေမယ့် စမတ်ဖုန်း အရွယ်အစား ပိုမို ကျစ်လစ်သွားမယ်လို့ ထင်ပါတယ်။
Galaxy Z Flip3 အကြောင်းပြောရရင် အပြင်ဘက်မျက်နှာပြင် အရွယ်အစားဟာ ၁.၉ လက်မ ဖြစ်ပြီး မူလ Z Flip မှာတော့ ၁.၁ လက်မ မျက်နှာပြင်ကို သုံးထားပါတယ်။ Galaxy Z Flip3 ရဲ့ အတွင်းဘက် ပင်မ မျက်နှာပြင်က ၆.၇ လက်မ ဖြစ်မယ်လို့ သိရပါတယ်။
ETNews က Samsung Galaxy Z Fold3 နဲ့ Z Flip3 ရဲ့ တခြား သတင်းအချက်အလက်တွေကို မပြောပါဘူး။ အဲဒီ စမတ်ဖုန်းတွေကို ကြေညာမယ့် အချိန်ကို Samsung က တရားဝင် မကြေညာသေးပါဘူး။ မိတ်ဆက်ပွဲ မတိုင်ခင် အဲဒီ စမတ်ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာနိုင်ပါတယ်။
Ref : gsmarena