ပြီးခဲ့တဲ့ နိုဝင်ဘာလက Samsung Galaxy Z Fold4 မှာ S Pen Slot မပါလာနိုင်ဘူးလို့ သတင်းထွက်ခဲ့ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလရောက်တော့ ကိုရီးယား မီဒီယာ ၁ ခုက အဲဒီ Foldable စမတ်ဖုန်းမှာ S Pen Slot ပါလာမယ်လို့ ပြောပြန်ပါတယ်။ အခုထွက်လာတဲ့ သတင်းအသစ်အရ Galaxy Z Fold4 မှာ S Pen Slot မထည့်သွင်းထားဘူးလို့ သိရပါတယ်။
အခုထွက်လာတဲ့ သတင်းကို နာမည်ကြီး Tipster Ice Universe က မျှဝေလိုက်တာ ဖြစ်ပြီး သူက Samsung Galaxy Z Fold4 ဟာ အရင်မျိုးဆက်ထက် အနည်းငယ် ပိုမို သေးငယ်ကာ ပိုမို ပါးလွှာမယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူက အရွယ်အစား အသေးစိတ်ကို မပြောသွားပါဘူး။
Samsung Galaxy Z Fold4 မှာ S Pen Slot မပါလာမှာက မထူးဆန်းပါဘူး။ ဘာလို့လဲဆိုတော့ အရင်မျိုးဆက် Galaxy Z Fold3 မှာလည်း S Pen Slot မထည့်သွင်းပေးထားပါဘူး။ ဒါပေမယ့် Samsung ဟာ Galaxy Fold4 မှာ S Pen ကို ထည့်သွင်းရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ Galaxy Z Fold3 တုန်းကတော့ S Pen ကို သီးခြား ရောင်းချခဲ့တာ ဖြစ်ပါတယ်။
ဒီသတင်းသာမှန်မယ်ဆိုရင် Galaxy Z Fold4 ဟာ ဒစ်ဂျစ်တယ် ဘောပင်ပါတဲ့ Samsung ရဲ့ ပထမဆုံး Foldable စမတ်ဖုန်း အဖြစ် မှတ်တမ်းဝင်သွားမှာ ဖြစ်ပါတယ်။
Ref : gsmarena