Zawgyi
မေန႔ (ေအာက္တိုဘာ ၁၁ ရက္) က SAMSUNG ရဲ႕ GALAXY ဖုန္းအသစ္မိတ္ဆက္ပြဲ “4X Fun” Event ကို မေလးရွားႏိုင္ငံ ကြာလာလမ္ပူျမိဳ႕မွာ က်င္းပခဲ့ပါတယ္။ MyTech Myanmar က ကိုယ္တိုင္သြားေရာက္ျပီး အသစ္မိတ္ဆက္တဲ့ GALAXY ဖုန္းအသစ္ေတြကိုစမ္းသပ္ ေလ့လာခဲ့ပါတယ္။ မနက္ပိုင္းမွာ SAMSUNG ရဲ႕ ပထမဦးဆံုး ေနာက္ေက်ာဘက္ ကင္မရာသံုးလံုးပါဝင္တဲ့ GALAXY A7 (2018) ကိုမိတ္ဆက္ခဲ့တယ္။ ညေနပိုင္းမွာ ေနာက္ထပ္ ဖုန္းတစ္လံုးထပ္မိတ္ဆက္မယ္လို႔သိရျပီး “4X Fun” ဆိုတဲ့ေခါင္းစဥ္ေၾကာင့္ ကင္မရာ ေလးလံုးပါမယ့္ ဖုန္းတစ္လံုး မိတ္ဆက္မယ္လို႔ ထင္ထားခဲ့ပါတယ္။ ထင္ထားခဲ့တဲ့ အတိုင္းပဲ ေနာက္ေက်ာဘက္ ကင္မရာေလးလံုးနဲ႔ GALAXY A9 (2018) ကို မိတ္ဆက္ခဲ့တယ္။ အဆိုပါ ဖုန္းႏွစ္လံုးကို MyTech Myanmar က ကိုယ္တိုင္ေလ့လာခဲ့ျပီး Hands-on ပံုေလးေတြနဲ႔ Galaxy ဖုန္းသစ္ႏွစ္လံုးရဲ႕ Spec ေတြကိုေဖာ္ျပလိုက္ပါတယ္။
GALAXY A7 (2018)
GALAXY A7 (2018) ရဲ႕ ဒီဇိုင္းဟာ မွန္သားမ်က္ႏွာျပင္ဒီဇိုင္းျဖစ္ျပီး Premium ဖုန္းတစ္လံုးရဲ႕ အေငြ႔အသက္ကိုခံစားရပါတယ္။ Aluminum သတၳဳ နဲ႔ ဖန္သား တို႔နဲ႔ တည္ေဆာက္ဖြဲ႔စည္းေပးထားလို႔ ဒီဇိုင္းပိုင္း အရမ္းလွပျပီး အၾကမ္းခံမယ့္ ဖုန္းတစ္လံုးျဖစ္ပါတယ္။ ေျခာက္လက္မ အရြယ္ Super AMOLED Display က ၾကည္လင္ျပတ္သားတဲ့ ရုပ္ထြက္ေတြကိုေဖာ္ျပေပးႏိုင္တာေတြ႔ရတယ္။ ဖုန္းအထူကေတာ့ 7.5mm ပဲရွိလို႔အေတာ္ေလးပါးတဲ့ ဖုန္းတစ္လံုးပါ။ မ်က္ႏွာျပင္အခ်ိဳးအစားက SAMSUNG ရဲ႕ ကိုယ္ပိုင္ Infinity Display အခ်ိဳးအစားမို႔လို႔ ဖုန္းရဲ႕ ေအာက္ေျခေဘာင္မွာ Soft Key ေတြမပါဝင္ေတာ့ပဲ Software Button ေတြနဲ႔ အစားထိုးထားလို႔ ဖုန္း အေရွ႕ဘက္ မ်က္ႏွာျပင္တစ္ခုလံုးက ရွင္းရွင္းလင္းလင္းနဲ႔ လွပေနတယ္။
Highlighted Feature ျဖစ္တဲ့ ေနာက္ေက်ာဘက္ ကင္မရာ သံုးလံုးျပဴးက ထင္ထားတဲ့အတိုင္းပဲ ၾကည္လင္ျပတ္သားတဲ့ ပံုရိပ္ေတြ ရိုက္ကူးေပးႏိုင္တာကို ေတြ႔ရတယ္။ ေနာက္ေက်ာဘက္ Triple Camera Setup ရဲ႕ အဓိက ကင္မရာက 24MP ရွိတဲ့ RGB Lens ျဖစ္ျပီး ၁၂၀° ရွိျမင္ကြင္းက်ယ္ ပံုရိပ္ေတြ ရိုက္ကူးေပးႏိုင္ဖို႔ 8MP ရွိတဲ့ Ultra Wide Lens နဲ႔ ေနာက္ခံအဝါး ပံုရိပ္ေတြအတြက္ 5MP ရွိတဲ့ Depth Sensor တို႔ပါဝင္ပါတယ္။ Scene Optimizer လို႔ေခၚတဲ့ ကင္မရာ နည္းပညာအသစ္တစ္ခုပါဝင္လာျပီး ကိုယ္ရိုက္မယ့္ Scene ေပၚလိုက္ျပီးေတာ့ အလင္းအေမွာင္ နဲ႔ အေရာင္ေတြကို ခ်ိန္ညွိေပးျပီး အေကာင္းဆံုး ပံုရိပ္ေတြဖမ္းယူႏိုင္ပါတယ္။ အေရွ႕ဘက္ 24MP ရွိတဲ့ Selfie Camera က ၾကည္လင္လွပတဲ့ Selfie ပံုေတြဖမ္းယူေပးႏိုင္ျပီး အေရွ႕ဘက္ LED Flashlight ပါဝင္ျပီး အလင္းအားကို စိတ္ၾကိဳက္ခ်ိန္ညွိႏိုင္တယ္။ Camera Quality အေတာ္ေလးေကာင္းမြန္ျပီး SAMSUNG က ပထမဆံုး အျဖစ္မိတ္ဆက္သြားတဲ့ ကင္မရာသံုးလံုးျပဴးဖုန္းတစ္လံုးပါ။
ဖုန္းစြမ္းေဆာင္ရည္ပိုင္းအတြက္ 2.2GHz ရွိတဲ့ Octa-core Processor ကို 4GB/6GB RAM နဲ႔ ေမာ္ဒယ္အလိုက္သံုးစြဲေပးထားတယ္။ Battery ပမာဏ 3,300mAh ပါဝင္တယ္။ Operating System ပိုင္းမွာေတာ့ Android Oreo ကိုျပဳျပင္ ခ်ယ္မွုန္းထားတဲ့ Samsung Experience Software ကိုအသံုးျပဳေပးထားျပီး ဖုန္းရဲ႕ Performance အေတာ္ေလးေကာင္းမြန္တာ ေတြ႔ရပါတယ္။ အသံထြက္ပိုင္းမွာေတာ့ နာမည္ၾကီး Dolby ရဲ႕ ပတ္လည္ေျပးအသံစနစ္ Dolby Atmos ကိုအသံုးျပဳထားလို႔ Earphones, Headphones ေတြနဲ႔ သီခ်င္းနားေထာင္ ရုပ္ရွင္ၾကည့္ ဂိမ္းေဆာ့တဲ့ ေနရာမွာ အေကာင္းဆံုး အသံထြက္ကိုရရွိေစပါတယ္။ ျပည္တြင္းမွာေရာင္းခ်တဲ့အခါ ရရွိႏုိင္တဲ့ အေရာင္ေတြကေတာ့ အျပာ၊ ေရႊေရာင္နဲ႔ အနက္ေရာင္တို႔ျဖစ္ျပီး RAM 4GB/ RAM6 GB နဲ႔ ကိုယ္လိုတဲ့ Storage ေပၚလိုက္ျပီး ေမာ္ဒယ္အမ်ိဳးမ်ိဳးရရွိႏိုင္ပါတယ္။
GALAXY A9 (2018)
ညေနပိုင္းမွာ မိတ္ဆက္ခဲ့တဲ့ GALAXY A9 (2018) ကေတာ့ “4X Fun” ဆိုတဲ့ ဒီ Event ရဲဲ႕ အဓိက ပြဲထုတ္တဲ့ ဖုန္းတစ္လံုးပါ။ ကမၻာ့ ပထမဆံုးအျဖစ္ ေနာက္ေက်ာဘက္ ကင္မရာ ေလးလံုးအသံုးျပဳထားတဲ့ ဖုန္းတစ္လံုးျဖစ္လာပါတယ္။ GALAXY A7 (2018) လိုပဲ Aluminum နဲ႔ မွန္သားမ်က္ႏွာျပင္ေတြကို အသံုးျပဳထားလို႔ အေတာ္ေလးလွပတဲ့ ဖုန္းတစ္လံုးပါ။ 6.3-inches အရြယ္ မ်က္ႏွာျပင္ရွိျပီး 7.8mm အထူပဲရွိလို႔ လက္ထဲမွာ ကိုင္ရတာ အေတာ္ေလး သက္ေတာင့္သက္သာ ရွိပါတယ္။ 6.3-inches ရွိတဲ့ ၾကီးမားက်ယ္ျပန္႔တဲ့ Super AMOLED Display က ရုပ္ရွင္ေတြ နဲ႔ ဂိမ္းေတြေဆာ့ဖို႔ ေတာ္ေတာ္ေလးကိုအဆင္ေျပပါတယ္။ SAMSUNG ေနာက္ထြက္ ဖုန္းေတြမွာလိုပဲ Infinity Display အခ်ိဳးအစားကိုအသံုးျပဳေပးထားျပီး Super AMOLED Display က သဘာဝဆန္တဲ့ အေရာင္ထြက္မ်ိဳးကို ေဖာ္ျပႏိုင္ပါတယ္။
“4X Fun” ဆိုတာ GALAXY A9 (2018) ရဲ႕ ေနာက္ေက်ာဘက္ ကင္မရာ ေလးလံုးျပဴး Quadruple- Camera Setup ကိုရည္ညႊန္းထားတာျဖစ္ျပီး အံ့အားသင့္ဖြယ္ ပံုရိပ္ေတြကို ဖမ္းေပးဖို႔ ကင္မရာ နည္းပညာေတြ ေတာ္ေတာ္မ်ားမ်ားကို ထည့္သြင္းေပးထားပါတယ္။ ေနာက္ေက်ာဘက္ Quadruple-Camera Setup ရဲ႕ အဓိက RGB Lens ဟာ GALAXY A7 (2018) မွာလိုပဲ 24MP ရွိပါတယ္။ 8MP ရွိတဲ့ Ultrawide Angle Lens ကလည္း 120° ထိက်ယ္ျပန္႔တဲ့ ပံုရိပ္က်ယ္ေတြကို ဖမ္းယူေပးႏိုင္တယ္။ GALAXY A7 (2018) ထက္ပိုသာ သြားတဲ့အခ်က္ကေတာ့ ပံုရိပ္အရည္အေသြးေလ်ာ့က်ျခင္းမရွိပဲ Zoom ႏွစ္ဆခ်ဲ႕ ႏိုင္တဲ့ Optical Zoom အေထာက္အပ့ံပါဝင္တဲ့ 10MP ရွိ Telephoto Lens ပါဝင္တာပါ။ ေနာက္ခံ အဝါး Bokeh ပံုရိပ္ေတြရိုက္ကူးဖို႕ 5MP ရွိ Depth Sensor လည္းပါဝင္တယ္။ Scene Optimizer လည္းပါဝင္ျပီး ျမင္ကြင္းနဲ႔ အရာဝတၳဳေတြေပၚလိုက္ျပီး အေကာင္းဆံုး ခ်ိန္ညွိမွုေတြကို အလိုအေလ်ာက္ျပဳလုပ္ေပးႏိုင္ပါတယ္။ အေရွ႕ဘက္ 24MP Selfie Camera က အလွပဆံုး Seflie ပံုရိပ္ေတြရိုက္ဖို႔ လိုအပ္တဲ့ ကင္မရာ လုပ္ေဆာင္ခ်က္ေတြအကုန္ ထည့္သြင္းေပးထားပါတယ္။ GALAXY A9 (2018) ဟာ အေကာင္းဆံုး ပံုရိပ္ေတြရိုက္ကူးဖို႔ လိုအပ္တဲ့ အမ်ိဳးစံုေသာ Lens ေတြအကုန္ပါဝင္တဲ့ SAMSUNG ရဲ႕ ပထမဆံုး Quadruple-Camera Setup နဲ႔ဖုန္းတစ္လံုးပါ။
Performance ပိုင္းအတြက္ Qualcomm ရဲ႕ Snapdragon 660 ကိုအသံုးျပဳေပးထားျပီး RAM 6GB/ 8GB ဆိုျပီး ေမာ္ဒယ္အလိုက္ထည့္သြင္းေပးထားတယ္။ စြမ္းေဆာင္ရည္ပိုင္း ျမင့္မားတဲ့ဖုန္းတစ္လံုးျဖစ္ျပီး ၾကီးမားတဲ့ 3,800mAh ဘက္ထရီ ထည့္သြင္းေပးထားတယ္။ Operating System ပိုင္းအတြက္ Android Oreo ကိုျပန္လည္ ျပင္ဆင္ထားတဲ့ ေနာက္ဆံုးထြက္ Samsung Experience Software ကိုထည့္သြင္းေပးထားပါတယ္။ အသံထြက္ေကာင္းမြန္ေစဖို႔ ေနာက္ဆံုးေပၚ ပတ္လည္ေျပးအသံစနစ္ျဖစ္တဲ့ Dolby Atmos ကိုထည့္သြင္းေပးထားတယ္။ GALAXY A9 (2018) ဟာ အရည္အေသြးေကာင္းမြန္တဲ့ ကင္မရာေလးလံုးပါဝင္လို႔ ကင္မရာပိုင္းအဓိက သံုးခ်င္သူေတြအတြက္ေရာ က်ယ္ျပန္႔တဲ့ 6.3-inches Display ေၾကာင့္ Entertainment ပိုင္းအသံုးျပဳခ်င္သူေတြနဲ႔ပါ အရမ္းသင့္ေလ်ာ္တဲ့ ဖုန္းတစ္လံုးပါ။ 3D Glass Back ကိုအသံုးျပဳထားတဲ့ ဒီ GALAXY A9 (2018) ကို Caviar Black (အနက္), Lemonade Blue (အျပာ) , Bubblegum Pink (ပန္းေရာင္) ဆိုျပီး အေရာင္သံုးမ်ိဳးနဲ႔ ထုတ္လုပ္ထားတယ္။ RAM 6GB/ Internal Storage 128GB နဲ႔ RAM 8GB/ Internal Storage 128GB ဆိုျပီး ေမာ္ဒယ္ႏွစ္မ်ိဳးဝယ္ယူႏိုင္ပါတယ္။
Unicode
မနေ့ (အောက်တိုဘာ ၁၁ ရက်) က SAMSUNG ရဲ့ GALAXY ဖုန်းအသစ်မိတ်ဆက်ပွဲ “4X Fun” Event ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပခဲ့ပါတယ်။ MyTech Myanmar က ကိုယ်တိုင်သွားရောက်ပြီး အသစ်မိတ်ဆက်တဲ့ GALAXY ဖုန်းအသစ်တွေကိုစမ်းသပ် လေ့လာခဲ့ပါတယ်။ မနက်ပိုင်းမှာ SAMSUNG ရဲ့ ပထမဦးဆုံး နောက်ကျောဘက် ကင်မရာသုံးလုံးပါဝင်တဲ့ GALAXY A7 (2018) ကိုမိတ်ဆက်ခဲ့တယ်။ ညနေပိုင်းမှာ နောက်ထပ် ဖုန်းတစ်လုံးထပ်မိတ်ဆက်မယ်လို့သိရပြီး “4X Fun” ဆိုတဲ့ခေါင်းစဉ်ကြောင့် ကင်မရာ လေးလုံးပါမယ့် ဖုန်းတစ်လုံး မိတ်ဆက်မယ်လို့ ထင်ထားခဲ့ပါတယ်။ ထင်ထားခဲ့တဲ့ အတိုင်းပဲ နောက်ကျောဘက် ကင်မရာလေးလုံးနဲ့ GALAXY A9 (2018) ကို မိတ်ဆက်ခဲ့တယ်။ အဆိုပါ ဖုန်းနှစ်လုံးကို MyTech Myanmar က ကိုယ်တိုင်လေ့လာခဲ့ပြီး Hands-on ပုံလေးတွေနဲ့ Galaxy ဖုန်းသစ်နှစ်လုံးရဲ့ Spec တွေကိုဖော်ပြလိုက်ပါတယ်။
GALAXY A7(2018)
GALAXY A7 (2018) ရဲ့ ဒီဇိုင်းဟာ မှန်သားမျက်နှာပြင်ဒီဇိုင်းဖြစ်ပြီး Premium ဖုန်းတစ်လုံးရဲ့ အငွေ့အသက်ကိုခံစားရပါတယ်။ Aluminum သတ္ထု နဲ့ ဖန်သား တို့နဲ့ တည်ဆောက်ဖွဲ့စည်းပေးထားလို့ ဒီဇိုင်းပိုင်း အရမ်းလှပပြီး အကြမ်းခံမယ့် ဖုန်းတစ်လုံးဖြစ်ပါတယ်။ ခြောက်လက်မ အရွယ် Super AMOLED Display က ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်တွေကိုဖော်ပြပေးနိုင်တာတွေ့ရတယ်။ ဖုန်းအထူကတော့ 7.5mm ပဲရှိလို့အတော်လေးပါးတဲ့ ဖုန်းတစ်လုံးပါ။ မျက်နှာပြင်အချိုးအစားက SAMSUNG ရဲ့ ကိုယ်ပိုင် Infinity Display အချိုးအစားမို့လို့ ဖုန်းရဲ့ အောက်ခြေဘောင်မှာ Soft Key တွေမပါဝင်တော့ပဲ Software Button တွေနဲ့ အစားထိုးထားလို့ ဖုန်း အရှေ့ဘက် မျက်နှာပြင်တစ်ခုလုံးက ရှင်းရှင်းလင်းလင်းနဲ့ လှပနေတယ်။
Highlighted Feature ဖြစ်တဲ့ နောက်ကျောဘက် ကင်မရာ သုံးလုံးပြူးက ထင်ထားတဲ့အတိုင်းပဲ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ ရိုက်ကူးပေးနိုင်တာကို တွေ့ရတယ်။ နောက်ကျောဘက် Triple Camera Setup ရဲ့ အဓိက ကင်မရာက 24MP ရှိတဲ့ RGB Lens ဖြစ်ပြီး ၁၂၀° ရှိမြင်ကွင်းကျယ် ပုံရိပ်တွေ ရိုက်ကူးပေးနိုင်ဖို့ 8MP ရှိတဲ့ Ultra Wide Lens နဲ့ နောက်ခံအဝါး ပုံရိပ်တွေအတွက် 5MP ရှိတဲ့ Depth Sensor တို့ပါဝင်ပါတယ်။ Scene Optimizer လို့ခေါ်တဲ့ ကင်မရာ နည်းပညာအသစ်တစ်ခုပါဝင်လာပြီး ကိုယ်ရိုက်မယ့် Scene ပေါ်လိုက်ပြီးတော့ အလင်းအမှောင် နဲ့ အရောင်တွေကို ချိန်ညှိပေးပြီး အကောင်းဆုံး ပုံရိပ်တွေဖမ်းယူနိုင်ပါတယ်။ အရှေ့ဘက် 24MP ရှိတဲ့ Selfie Camera က ကြည်လင်လှပတဲ့ Selfie ပုံတွေဖမ်းယူပေးနိုင်ပြီး အရှေ့ဘက် LED Flashlight ပါဝင်ပြီး အလင်းအားကို စိတ်ကြိုက်ချိန်ညှိနိုင်တယ်။ Camera Quality အတော်လေးကောင်းမွန်ပြီး SAMSUNG က ပထမဆုံး အဖြစ်မိတ်ဆက်သွားတဲ့ ကင်မရာသုံးလုံးပြူးဖုန်းတစ်လုံးပါ။
ဖုန်းစွမ်းဆောင်ရည်ပိုင်းအတွက် 2.2GHz ရှိတဲ့ Octa-core Processor ကို 4GB/6GB RAM နဲ့ မော်ဒယ်အလိုက်သုံးစွဲပေးထားတယ်။ Battery ပမာဏ 3,300mAh ပါဝင်တယ်။ Operating System ပိုင်းမှာတော့ Android Oreo ကိုပြုပြင် ချယ်မှုန်းထားတဲ့ Samsung Experience Software ကိုအသုံးပြုပေးထားပြီး ဖုန်းရဲ့ Performance အတော်လေးကောင်းမွန်တာ တွေ့ရပါတယ်။ အသံထွက်ပိုင်းမှာတော့ နာမည်ကြီး Dolby ရဲ့ ပတ်လည်ပြေးအသံစနစ် Dolby Atmos ကိုအသုံးပြုထားလို့ Earphones, Headphones တွေနဲ့ သီချင်းနားထောင် ရုပ်ရှင်ကြည့် ဂိမ်းဆော့တဲ့ နေရာမှာ အကောင်းဆုံး အသံထွက်ကိုရရှိစေပါတယ်။ ပြည်တွင်းမှာရောင်းချတဲ့အခါ ရရှိနိုင်တဲ့ အရောင်တွေကတော့ အပြာ၊ ရွှေရောင်နဲ့ အနက်ရောင်တို့ဖြစ်ပြီး RAM 4GB/ RAM6 GB နဲ့ ကိုယ်လိုတဲ့ Storage ပေါ်လိုက်ပြီး မော်ဒယ်အမျိုးမျိုးရရှိနိုင်ပါတယ်။
GALAXY A9 (2018)
ညနေပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ GALAXY A9 (2018) ကတော့ “4X Fun” ဆိုတဲ့ ဒီ Event ရဲ့ အဓိက ပွဲထုတ်တဲ့ ဖုန်းတစ်လုံးပါ။ ကမ္ဘာ့ ပထမဆုံးအဖြစ် နောက်ကျောဘက် ကင်မရာ လေးလုံးအသုံးပြုထားတဲ့ ဖုန်းတစ်လုံးဖြစ်လာပါတယ်။ GALAXY A7 (2018) လိုပဲ Aluminum နဲ့ မှန်သားမျက်နှာပြင်တွေကို အသုံးပြုထားလို့ အတော်လေးလှပတဲ့ ဖုန်းတစ်လုံးပါ။ 6.3-inches အရွယ် မျက်နှာပြင်ရှိပြီး 7.8mm အထူပဲရှိလို့ လက်ထဲမှာ ကိုင်ရတာ အတော်လေး သက်တောင့်သက်သာ ရှိပါတယ်။ 6.3-inches ရှိတဲ့ ကြီးမားကျယ်ပြန့်တဲ့ Super AMOLED Display က ရုပ်ရှင်တွေ နဲ့ ဂိမ်းတွေဆော့ဖို့ တော်တော်လေးကိုအဆင်ပြေပါတယ်။ SAMSUNG နောက်ထွက် ဖုန်းတွေမှာလိုပဲ Infinity Display အချိုးအစားကိုအသုံးပြုပေးထားပြီး Super AMOLED Display က သဘာဝဆန်တဲ့ အရောင်ထွက်မျိုးကို ဖော်ပြနိုင်ပါတယ်။
“4X Fun” ဆိုတာ GALAXY A9 (2018) ရဲ့ နောက်ကျောဘက် ကင်မရာ လေးလုံးပြူး Quadruple- Camera Setup ကိုရည်ညွှန်းထားတာဖြစ်ပြီး အံ့အားသင့်ဖွယ် ပုံရိပ်တွေကို ဖမ်းပေးဖို့ ကင်မရာ နည်းပညာတွေ တော်တော်များများကို ထည့်သွင်းပေးထားပါတယ်။ နောက်ကျောဘက် Quadruple-Camera Setup ရဲ့ အဓိက RGB Lens ဟာ GALAXY A7 (2018) မှာလိုပဲ 24MP ရှိပါတယ်။ 8MP ရှိတဲ့ Ultrawide Angle Lens ကလည်း 120° ထိကျယ်ပြန့်တဲ့ ပုံရိပ်ကျယ်တွေကို ဖမ်းယူပေးနိုင်တယ်။ GALAXY A7 (2018) ထက်ပိုသာ သွားတဲ့အချက်ကတော့ ပုံရိပ်အရည်အသွေးလျော့ကျခြင်းမရှိပဲ Zoom နှစ်ဆချဲ့ နိုင်တဲ့ Optical Zoom အထောက်အပံ့ပါဝင်တဲ့ 10MP ရှိ Telephoto Lens ပါဝင်တာပါ။ နောက်ခံ အဝါး Bokeh ပုံရိပ်တွေရိုက်ကူးဖို့ 5MP ရှိ Depth Sensor လည်းပါဝင်တယ်။ Scene Optimizer လည်းပါဝင်ပြီး မြင်ကွင်းနဲ့ အရာဝတ္ထုတွေပေါ်လိုက်ပြီး အကောင်းဆုံး ချိန်ညှိမှုတွေကို အလိုအလျောက်ပြုလုပ်ပေးနိုင်ပါတယ်။ အရှေ့ဘက် 24MP Selfie Camera က အလှပဆုံး Seflie ပုံရိပ်တွေရိုက်ဖို့ လိုအပ်တဲ့ ကင်မရာ လုပ်ဆောင်ချက်တွေအကုန် ထည့်သွင်းပေးထားပါတယ်။ GALAXY A9 (2018) ဟာ အကောင်းဆုံး ပုံရိပ်တွေရိုက်ကူးဖို့ လိုအပ်တဲ့ အမျိုးစုံသော Lens တွေအကုန်ပါဝင်တဲ့ SAMSUNG ရဲ့ ပထမဆုံး Quadruple-Camera Setup နဲ့ဖုန်းတစ်လုံးပါ။
Performance ပိုင်းအတွက် Qualcomm ရဲ့ Snapdragon 660 ကိုအသုံးပြုပေးထားပြီး RAM 6GB/ 8GB ဆိုပြီး မော်ဒယ်အလိုက်ထည့်သွင်းပေးထားတယ်။ စွမ်းဆောင်ရည်ပိုင်း မြင့်မားတဲ့ဖုန်းတစ်လုံးဖြစ်ပြီး ကြီးမားတဲ့ 3,800mAh ဘက်ထရီ ထည့်သွင်းပေးထားတယ်။ Operating System ပိုင်းအတွက် Android Oreo ကိုပြန်လည် ပြင်ဆင်ထားတဲ့ နောက်ဆုံးထွက် Samsung Experience Software ကိုထည့်သွင်းပေးထားပါတယ်။ အသံထွက်ကောင်းမွန်စေဖို့ နောက်ဆုံးပေါ် ပတ်လည်ပြေးအသံစနစ်ဖြစ်တဲ့ Dolby Atmos ကိုထည့်သွင်းပေးထားတယ်။ GALAXY A9 (2018) ဟာ အရည်အသွေးကောင်းမွန်တဲ့ ကင်မရာလေးလုံးပါဝင်လို့ ကင်မရာပိုင်းအဓိက သုံးချင်သူတွေအတွက်ရော ကျယ်ပြန့်တဲ့ 6.3-inches Display ကြောင့် Entertainment ပိုင်းအသုံးပြုချင်သူတွေနဲ့ပါ အရမ်းသင့်လျော်တဲ့ ဖုန်းတစ်လုံးပါ။ 3D Glass Back ကိုအသုံးပြုထားတဲ့ ဒီ GALAXY A9 (2018) ကို Caviar Black (အနက်), Lemonade Blue (အပြာ) , Bubblegum Pink (ပန်းရောင်) ဆိုပြီး အရောင်သုံးမျိုးနဲ့ ထုတ်လုပ်ထားတယ်။ RAM 6GB/ Internal Storage 128GB နဲ့ RAM 8GB/ Internal Storage 128GB ဆိုပြီး မော်ဒယ်နှစ်မျိုးဝယ်ယူနိုင်ပါတယ်။