Samsung ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက ယခင်နှစ် ပထမ ၃ လပတ်အတွက် ကုမ္ပဏီရဲ့ ဝင်ငွေကို ကြေညာခဲ့ပါတယ်။ အဆိုပါ သတင်းထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေတာကတော့ Samsung ကနေ Research & Development (R&D) အတွက် အဆိုပါ ပထမ ၃ လပတ်ထဲမှာ ရင်းနှီးမြုပ်နှံခဲ့တဲ့ပမာဏပဲဖြစ်ပါတယ်။

အဆိုပါသတင်းကို Yonhap Agency ကနေ ဖော်ပြသွားခဲ့တာဖြစ်ပြီး Samsung ဟာ ကိုရီးယားဝမ်ငွေ ၅.၃၆ ထရီလီယံ (ဒေါ်လာ ၄.၃၆ ဘီလီယံ) ခန့်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ မတ်လအတွင်းမှာ R&D အတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပမာဏဟာ Samsung အတွက် R&D အပေါ်ရင်းနှီးမြုပ်နှံမှုမှာ စံချိန်တင်သွားခဲ့တာလည်းဖြစ်ပါတယ်။

Samsung ဟာ ယခင်တုန်းက ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ပထမ ၃ လပတ်မှာ ကိုရီးယားဝမ်ငွေ ၅.၃၂ ထရီလီယံခန့် ရင်းနှီးမြုပ်နှံခဲ့ပြီး အမြင့်မားဆုံးပမာဏဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုနှစ် ရင်းနှီးမြုပ်နှံမှုဟာ ကုမ္ပဏီရဲ့ ဝင်ငွေ ၉.၇ ရာခိုင်နှုန်းရှိတယ်လို့လည်း သိရပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းကလည်း လက်ရှိဖြစ်ပွားနေတဲ့ COVID-19 ကြောင့် ကုမ္ပဏီရဲ့ စမတ်ဖုန်းအသစ်တွေ မိတ်ဆက်မယ့်အစီအစဥ်နဲ့ ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်ဖို့ အစီအစဥ်ကို ထိခိုက်မှာမဟုတ်ဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက် လာမယ့် သြဂုတ်လဝန်းကျင်မှာ ပုံမှန်အတိုင်း Galaxy Note 20 Series အပြင် Galaxy Fold 2 ကိုပါ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

Ref – GSM Arena