Samsung Developer Conference 2021 event မှာ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးက သူ့ရဲ့တိုးတက်မှုအချို့ကို ထုတ်ဖော်ခဲ့ပါတယ်။ ဒါ့အပြင် Feature သစ်အချို့နဲ့ အဆင့်မြှင့်တင်ထားတဲ့ Bixby, One UI, Samsung Health, Samsung Knox, SmartThings, နဲ့ Tizen တို့ကိုလည်း ကြေညာခဲ့ပါသေးတယ်။

ဒါ့အပြင် Samsung ဟာ ကိုယ်ပိုင် Cloud Gaming platform တစ်ခုအတွက်လည်း လုပ်ဆောင်နေပြီဖြစ်ကြောင်း ထည့်သွင်းကြေညာခဲ့ပါတယ်။ ဒါကို Tizen running ပြုလုပ်တဲ့ စမတ်တီဗီတွေမှာလည်း ရရှိနိုင်မယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ ဒီ Cloud Gaming platform နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ လျှို့ဝှက်ထားဆဲဖြစ်ပါတယ်။

Event အတွင်း Samsung ရဲ့အမှုဆောင်အရာရှိရှင်းလင်းပြောဆိုမှုအရ အသုံးပြုသူတွေဟာ အရည်အသွေးမြင့်ဂိမ်းတွေကို (Gaming PC ဒါမှမဟုတ် Gaming Console တို့လိုမျိုး) High-end Gaming hardware တွေဝယ်ယူစရာမလိုဘဲ Tizen OS-powered စမတ်တီဗီတွေမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Game developers တွေအနေနဲ့ ပိုပြီးကောင်းမွန်တဲ့ အတွေ့အကြုံကိုရရှိစေဖို့ Samsung စမတ်တီဗီတွေရဲ့ သီးသန့် Features တွေနဲ့ ပေါင်းစပ်နိုင်မယ်လို့လည်း ထည့်သွင်းပြောဆိုထားပါတယ်။

Cloud Gaming Space ထဲကို Samsung ဝင်ရောက်လာတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း တောင်ကိုရီးယားကုမ္ပဏီကြီးဟာ သူ့ရဲ့တီဗီတွေပေါ်မှာ Cloud Game streaming တင်နိုင်ဖို့ Gaikai ကို ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမဲ့ Service ဟာ Beta အဆင့်စတင်နေစဉ်မှာပဲ Gaikai ကို Sony ကဝယ်ယူခဲ့ပါတယ်။ ဒီနောက်မှာတော့ PlayStation ဘက်ကိုပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Cloud Gaming segment ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း သိသိသာသာမြင့်တက်လာခဲ့ပြီး Amazon, Google, Microsoft, Nvidia နဲ့ Sony အပါအဝင် အဓိကနည်းပညာအမှတ်တံဆိပ်တွေဟာ သူတို့ရဲ့ Cloud Gaming Services တွေကို အပြိုင်အဆိုင် တိုးချဲ့လာကြတာ တွေ့မြင်ရပါတယ်။ ဒါကြောင့် Samsung ဟာ အဆိုပါအမှတ်တံဆိပ်တွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Samsung အနေနဲ့ ဒီဝန်ဆောင်မှုကို ဘယ်အချိန်မှာစတင်ရောင်းချမလဲဆိုတာကို မကြေညာသေးပါဘူး။

Ref: SamMobile