OPPO က လက်ရှိအချိန်မှာ Mid-Range စမတ်ဖုန်းတွေကိုပဲ ထုတ်လုပ်နေတယ်ဆိုပေမယ့် မကြာခင်အချိန်အတွင်းမှာ ပြောင်းလဲသွားတော့မယ့်ပုံပါပဲ။ အဲ့ဒါကလည်း Display ပိုင်းမှာ အလန်းစားဖြစ်လာမှာပါ။
အခုသတင်းကို Korean Website တစ်ခုဖြစ်တဲ့ The Bell ကနေ ရေးသားခဲ့တာဖြစ်ပြီးတော့ တောင်ကိုရီးယားရဲ့ အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ Samsung က အခုအချိန်မှာ OPPO ကို ခေါက်ချိုးနိုင်တဲ့ OLED Display တွေကို ထောက်ပံ့ပေးနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အခု Samsung ကနေ OPPO ကို ထောက်ပံ့ပေးနေတဲ့ OLED Display တွေက 6.42″ ရှိတဲ့ Display တွေဖြစ်ပြီးတော့ ဒါက Samsung အနေနဲ့ ပထမဆုံးခေါက်ချိုးနိုင်တဲ့ Edge Display တွေကို ရောင်းချတာပဲဖြစ်ပါတယ်။
ဒါပေမယ့် တစ်ခုကတော့ အခု Samsung ရဲ့ OLED Display တွေဟာ မကြာခင်မှာ ကြေညာလာနိုင်လောက်တဲ့ OPPO Find X စမတ်ဖုန်းမှာ ပါဝင်လာမှာမဟုတ်ပဲ ဒီနှစ်နှောင်းပိုင်းမှာ ထွက်လာမယ့် OPPO R15 Special Edition ဖုန်းတစ်ခုခုမှာ စတင်သုံးစွဲလာလောက်မယ်လို့ ယူဆရပါတယ်။