Samsung ဟာ ၂၀၂၂ ခုနှစ်အတွက် သူ့ရဲ့ ဘတ်ဂျက်စမတ်ဖုန်းစာရင်းမှာ နောက်ထပ် Galaxy မော်ဒယ်သစ်တစ်ချို့ကို တိုးချဲ့ထည့်သွင်းတော့မယ်လို့ ယုံကြည်ရပါတယ်။ ဒီမတိုင်မီကလည်း မကြေညာထားတဲ့ Galaxy A04s ကို ကြုံခဲ့ကြရပြီးပါပြီ။

အခုအချိန်မှာတော့ Samsung ဟာ ဘတ်ဂျက်မော်ဒယ်သစ်တွေဖြစ်တဲ့ “Galaxy A04” နဲ့ “Galaxy A13s” တို့ကို ဈေးကွက်ထဲပို့ဆောင်ဖို့ ပြင်ဆင်နေပြီဆိုတဲ့သတင်းကို ကြားသိရပါတယ်။ ဒီမော်ဒယ်နှစ်မျိုးကို SM-A045F နဲ့ SM-A137F ဆိုတဲ့ မော်ဒယ်နံပါတ်အသီးသီးနဲ့ တွေ့မြင်ရတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ဒီ Device နှစ်ခုအတွက် Hardware ပိုင်းဆိုင်ရာ အချက်အလက်ကို မသိရသေးပါဘူး။ ဒါပေမဲ့ Galaxy A13s ဟာ လက်ရှိ Galaxy A13 Lite ကို ပြန်လည်ဆန်းသစ်ထားတဲ့ဗားရှင်းဖြစ်မယ်လို့ ယူဆရပါတယ်။ အလားတူပဲ Galaxy A04 ကလည်း A04s ထက် အနည်းငယ်နိမ့်တဲ့ ဗားရှင်းမျိုးဖြစ်မယ်လို့ ယုံကြည်ရပါတယ်။

Galaxy A04s ကတော့ ပေါက်ကြားထားတဲ့ Dimensions ပေါ်အခြေခံပြီးပြုလုပ်ထားတဲ့ မကြာသေးခင်က ထွက်ပေါ်လာတဲ့ Fan-made renders ကို ကြည့်နိုင်ပါတယ်။ အစောပိုင်းပမာဏအချက်အလက်တွေအရ Galaxy A04s မှာ 3.5mm နားကြပ်ပေါက်၊ ကျောဘက်ကင်မရာသုံးလုံးတပ်ဆင်မှုနဲ့ Infinity-V မျက်နှာပြင်ဒီဇိုင်းတို့ ပါရှိမယ်လို့ ဆိုနိုင်ပါတယ်။

Galaxy A04s နဲ့ A04 တို့ဟာ ဒီဇိုင်းပိုင်းရော Specifications နှစ်မျိုးစလုံးမှာပါ အတော်များများမှာ တူညီမှုရှိကြမယ်လို့ ယုံကြည်ရပါတယ်။ Galaxy A04s ဟာ A04 ကို ထိုးနှက်သွားနိုင်တယ်လို့ ခန့်မှန်းရပေမဲ့ အခုအချိန်မှာတော့ အချက်အလက်တွေနည်းပါးနေသေးတာကြောင့် အချိန်အနည်းငယ်စောင့်ကြရဦးမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီဟန်းဆက်တွေကို Galaxy A13s နဲ့အတူ ဒီနှစ်ထဲမှာရောင်းချမယ်လို့ ယုံကြည်ရပါတယ်။ ဒါကြောင့် ဒီမော်ဒယ်တွေရဲ့ ပိုပြီးပြည့်စုံတဲ့သတင်းအချက်အလက်တွေကို မကြာခင်လပိုင်းအတွင်း ထပ်ပြီးကြားသိလာကြရမယ်လို့ မျှော်လင့်ပါတယ်။ Galaxy A04s ကို JDM ဖုန်းလို့ဆိုထားတဲ့အတွက် ဒါကို Samsung ရဲ့ ကိုယ်ပိုင်စက်ရုံတွေမှာထုတ်လုပ်မှာမဟုတ်ဘဲ တရုတ်နိုင်ငံမှာရှိတဲ့ လုပ်ဖော်ကိုင်ဘက်တွေက ထုတ်လုပ်မှာ ဖြစ်ပါတယ်။

Ref: sammobile