Zawgyi
လက်ရှိအချိန်မှာ ဈေးကွက်ထဲကို တရားဝင်မိတ်ဆက်ထားခဲ့တဲ့ Foldable ဖုန်းတွေထဲက တစ်ခုဖြစ်တဲ့ Samsung Galaxy Fold စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ဧပြီလထဲက Display ပိုင်းမှာ Error တွေဖြစ်ပြီး ရောင်းချမှုကို ဆိုင်းငံ့ထားခဲ့ရတာဖြစ်ပါတယ်။ အစောပိုင်းအတင်းတွေအရ Samsung ကနေ လာမယ့် ဇူလိုင်လမှာ Galaxy Fold ကို ပြန်လည်ရောင်းချသွားမယ်လို့ ပြောထားပေမယ့် တကယ်မဖြစ်နိုင်တော့တဲ့ပုံစံပါပဲ။
ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ Samsung ကနေ Galaxy Fold ကို လာမယ့် ဇူလိုင်လမှာ ပြန်လည်ရောင်းချတော့မယ်ဆိုရင် Media Event တွေပြုလုပ်ဖို့ စီစဉ်နေရတော့မှာဖြစ်ပြီး ဒီ Galaxy Fold ကို Delayed ပြုလုပ်ထားတဲ့ ဧပြီလထဲက အခုအချိန်အထိ ဘာတိုးတက်မှုမှမရှိသေးဘူးဆိုပြီး Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်က ပြောကြားထားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအတွက် အဖြစ်နိုင်ဆုံးကတော့ Samsung ကနေ အခု Galaxy Fold စမတ်ဖုန်းကို လာမယ့် သြဂုတ်လမှာ မိတ်ဆက်လာမယ့် Samsung Galaxy Note 10 နဲ့အတူ ရောင်းချလာဖို့ပဲကျန်နေတော့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ Galaxy Fold ရော ၊ Galaxy Note 10 ဖုန်း ၂ မျိုးစလုံးကိုတော့ တစ်ပြိုင်တည်းမရောင်းချလောက်ဘဲ Galaxy Note 10 ရောင်းပြီးမှ Galaxy Fold ကို ရောင်းချမယ်လို့လည်း သတင်းတွေထွက်နေပါသေးတယ်။
Samsung ရဲ့ CEO ဖြစ်တဲ့ DJ Koh ကတော့ အခုလိုမျိုး Galaxy Fold မိတ်ဆက်မယ့်အပေါ်ကို နောက်ကျမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့မေလထဲကပြောနေခဲ့သလို ရောင်းချမယ့်အချိန်ကိုလည်း မကြာခင်ရက်သတ္တပတ်အတွင်းမှာ ကြေညာသွားမယ်ဆိုပြီး ပြောကြားနေခဲ့တာဖြစ်ပါတယ်။
ဒီ Galaxy Fold ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Huawei Mate X လည်း တလောကမှ ရောင်းချမယ့်အချိန်ကို လာမယ့်စက်တင်ဘာလကို ရွှေ့ဆိုင်းခဲ့တဲ့အတွက် ဒီ Galaxy Fold နဲ့ Huawei Mate X တို့ရဲ့ ရောင်းချမယ့်အချိန်က တူညီနေနိုင်ပါတယ်။
Ref – The Verge
Unicode
လက်ရှိအချိန်မှာ ဈေးကွက်ထဲကို တရားဝင်မိတ်ဆက်ထားခဲ့တဲ့ Foldable ဖုန်းတွေထဲက တစ်ခုဖြစ်တဲ့ Samsung Galaxy Fold စမတ်ဖုန်းဟာ ပြီးခဲ့တဲ့ ဧပြီလထဲက Display ပိုင်းမှာ Error တွေဖြစ်ပြီး ရောင်းချမှုကို ဆိုင်းငံ့ထားခဲ့ရတာဖြစ်ပါတယ်။ အစောပိုင်းအတင်းတွေအရ Samsung ကနေ လာမယ့် ဇူလိုင်လမှာ Galaxy Fold ကို ပြန်လည်ရောင်းချသွားမယ်လို့ ပြောထားပေမယ့် တကယ်မဖြစ်နိုင်တော့တဲ့ပုံစံပါပဲ။
ဘာကြောင့်လဲဆိုရင် အခုအချိန်မှာ Samsung ကနေ Galaxy Fold ကို လာမယ့် ဇူလိုင်လမှာ ပြန်လည်ရောင်းချတော့မယ်ဆိုရင် Media Event တွေပြုလုပ်ဖို့ စီစဉ်နေရတော့မှာဖြစ်ပြီး ဒီ Galaxy Fold ကို Delayed ပြုလုပ်ထားတဲ့ ဧပြီလထဲက အခုအချိန်အထိ ဘာတိုးတက်မှုမှမရှိသေးဘူးဆိုပြီး Samsung ရဲ့ ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်က ပြောကြားထားခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအတွက် အဖြစ်နိုင်ဆုံးကတော့ Samsung ကနေ အခု Galaxy Fold စမတ်ဖုန်းကို လာမယ့် သြဂုတ်လမှာ မိတ်ဆက်လာမယ့် Samsung Galaxy Note 10 နဲ့အတူ ရောင်းချလာဖို့ပဲကျန်နေတော့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီ Galaxy Fold ရော ၊ Galaxy Note 10 ဖုန်း ၂ မျိုးစလုံးကိုတော့ တစ်ပြိုင်တည်းမရောင်းချလောက်ဘဲ Galaxy Note 10 ရောင်းပြီးမှ Galaxy Fold ကို ရောင်းချမယ်လို့လည်း သတင်းတွေထွက်နေပါသေးတယ်။
Samsung ရဲ့ CEO ဖြစ်တဲ့ DJ Koh ကတော့ အခုလိုမျိုး Galaxy Fold မိတ်ဆက်မယ့်အပေါ်ကို နောက်ကျမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့မေလထဲကပြောနေခဲ့သလို ရောင်းချမယ့်အချိန်ကိုလည်း မကြာခင်ရက်သတ္တပတ်အတွင်းမှာ ကြေညာသွားမယ်ဆိုပြီး ပြောကြားနေခဲ့တာဖြစ်ပါတယ်။
ဒီ Galaxy Fold ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ Huawei Mate X လည်း တလောကမှ ရောင်းချမယ့်အချိန်ကို လာမယ့်စက်တင်ဘာလကို ရွှေ့ဆိုင်းခဲ့တဲ့အတွက် ဒီ Galaxy Fold နဲ့ Huawei Mate X တို့ရဲ့ ရောင်းချမယ့်အချိန်က တူညီနေနိုင်ပါတယ်။
Ref – The Verge