Samsung ကုမ္ပဏီကနေ အသစ် မိတ်ဆက်လာမယ့် S20 မိသားစုဝင်တွေထဲမှာ Galaxy S20 FE (Fan Edition) လည်း အပါအဝင် ဖြစ်ပြီး ယနေ့မှာ ဒီဖုန်းရဲ့ အမည်ကို တရားဝင် Samsung.com ဝက်ဆိုက်မှာ ဖော်ပြလာခဲ့ပါတယ်။

Samsung ရဲ့ ဝက်ဆိုက်မှာ Galaxy S20 FE နဲ့ Galaxy S20 FE 5G ဆိုပြီး ဖော်ပြလာခဲ့တာ ဖြစ်တာကြောင့် အချို့ စျေးကွက်တွေ အတွက် 4G LTE ဗားရှင်းတွေ ထုတ်လုပ်ရောင်းချလာမယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ 5G ဗားရှင်း ရောင်းချမယ့် စျေးကွက် တွေမှာပါ ရရှိနိုင်မလား ဆိုတာ မသဲကွဲသေးပေမယ့် သေချာတာကတော့ 4G ဗားရှင်းက စျေးပိုသက်သာမှာပါပဲ။

ဒါ့အပြင် အငြင်းပွားနေကြတဲ့ ဒီဟန်းဆက်ရဲ့ အမည်ကိုလည်း တရားဝင် ဝက်ဆိုက်က “Fan Edition” ဆိုတဲ့ အမည်အစား “FE” လို့ပဲ သုံးစွဲလာတာ တွေ့ရမှာပါ။ “FE” ဆိုတာ “Fan Edition” ရဲ့ အတိုကောက် ဖြစ်နေပေမယ့်လည်းပေါ့။

Galaxy S20 FE စမတ်ဖုန်းတွေရဲ့ Render ပုံတွေမှာ ဒီဖုန်းဟာ S20+ ထက် အနည်းငယ် သေးတဲ့ Screen ပါဝင်တာ တွေ့ရပြီး 6.4” – 6.5” ဖြစ်ပါတယ်။ ကာလာခြောက်မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပြီး Specs အများစုကိုလည်း သိခဲ့ရပြီးပါပြီ။ ဒါပေမယ့် FE မော်ဒယ်တွေမှာ အားလုံး Exynos 990 ချစ်ပ်ဆက်ကို အသုံးပြုလာမှာလား၊ Snapdragon 865 ဗားရှင်းရော ရှိမှာလား ဆိုတာ မသိရသေးပါဘူး။

Samsung Galaxy S20 FE ဖုန်းကို ဝယ်ယူသူတွေဟာ YouTube Premium လေးလ ရရှိနိုင်မှာ ဖြစ်ပြီး အောက်တိုဘာလ လောက်မှ မိတ်ဆက်လာမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် S20 FE ရဲ့ အကြောင်းကို သိရဖို့ လအနည်းငယ် အချိန်ယူရဦးမှာပါ။

Ref – GSMArena