Samsung ဟာ ပြီးခဲ့တဲ့သြဂုတ်လတုန်းက Galaxy Note 20 Series စမတ်ဖုန်းတွေနဲ့အတူ OneUI 2.5 Update ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုတော့ Samsung ကနေ Android 11 OS ကို အခြေခံထားတဲ့ OneUI 3.0 ကို Update ပြုလုပ်သွားဖို့ စီစဥ်နေပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Samsung ကနေ Galaxy S20 ၊ S20+ နဲ့ S20 Ultra စမတ်ဖုန်းတွေအတွက် OneUI 3.0 Beta Update ကို ထုတ်ပေးထားခဲ့ပါသေးတယ်။ အခုလည်း Galaxy Note 20 Series ဖုန်းတွေအတွက်ပါ OneUI 3.0 Beta Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

ဒါပေမယ့် Samsung ရဲ့ ယခု Galaxy Note 20 Series အတွက် OneUI 3.0 Beta Update ဟာ US ၊ Germany နဲ့ South Korea နိုင်ငံတွေမှာပဲရရှိနေသေးတာဖြစ်ပြီး Samsung Members App ကနေတစ်ဆင့် Beta Program ကိုဝင်ရောက်နိုင်မှာဖြစ်ပါတယ်။ Firmware Build Number အနေနဲ့ကတော့ N986NKSU1ZTJH နာမည်နဲ့ ထွက်ရှိထားပါတယ်။

OneUI 3.0 Update ဟာ Android 11 OS ကို အခြေခံထားတဲ့အတွက် Notification Bar မှာ Conversation View ၊ Chat Bubbles တွေနဲ့အတူ Media Control Layout Design အသစ်တွေပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ OneUI 2.5 နဲ့ ယှဥ်ရင်တော့ Samsung ရဲ့ ကိုယ်ပိုင် Feature အသစ်တွေအများအပြားပါဝင်လာဦးမှာတော့မဟုတ်သေးပါဘူး။

Samsung ဟာ Galaxy Note 20 Series တွေအတွက် OneUI 3.0 Beta ကို မကြာခင်မှာ UK ၊ Poland နဲ့ India အတွက်ပါ ထုတ်ပေးသွားဖို့ရှိနေပြီးတော့ Stable Update ရရှိမယ့်အချိန်ကိုတော့ အခုထိပြောကြားထားခြင်းမရှိသေးပါဘူး။

Ref – GSM Arena