[Unicode]

အရင်ဦးဆုံးပြောရမှာကတော့ မူပိုင်ခွင့်တင်ထားတိုင်း တကယ်ထုတ်လုပ်ဖြစ်တာမဟုတ်ဘူး ဆိုတဲ့စကားပါပဲ။ ဒါပေမယ့် မူပိုင်ခွင့်တွေက ကုမ္ပဏီရဲ့ အနာဂတ်ခြေလှမ်းတွေ၊ စိတ်ကူးစိတ်သန်းတွေကို ဖော်ပြပေးနေသလို၊ အသုံးပြုသူတွေအတွက် စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ ဖန်တီးပေးနေတာတော့ ငြင်းလို့မရပါဘူး။

တောင်ကိုရီးယားရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီး Samsung ဟာ အနာဂတ် Galaxy စမတ်ဖုန်းအတွက် ဒီဇိုင်းတစ်မျိုးကို မူပိုင်ခွင့်လျှောက်ထားတာကို တွေ့မြင်ကြရပါတယ်။ ဒီဟန်းဆက်ရဲ့ ဒီဇိုင်းဟာ ဝန်းဝိုက်တဲ့အနားစွန်းတွေ၊ ဝန်းဝိုက်တဲ့ Notch တွေနဲ့ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ကို အပိုင်းသုံးပိုင်း ခွဲခြားထားတဲ့ ပုံစံမျိုးအဖြစ်လည်း မြင်တွေ့ရတာပါ။

အဓိက မျက်နှာပြင်ကြီးကတော့ သမားရိုးကျဆန်ဆန် စတုရန်းပုံစံပဲ ဖြစ်ပါတယ်။ အစွန်းနှစ်ဘက်က မျက်နှာပြင်အသေးတွေကတော့ စက်ဝိုင်းခြမ်းဆန်ဆန် ဖြစ်တာကိုတွေ့ရပါတယ်။ ဒီအစွန်းနှစ်ဘက်မျက်နှာပြင်အသေးနှစ်ခုဟာ တစ်ကန့်စီဖြစ်ပေမယ့် အတူတစ်ကွအလုပ်လုပ်ကြမယ်လို့ ယူဆရပါတယ်။

အစွန်းနှစ်ဘက်က မျက်နှာပြင်အသေးလေးတွေမှာ App icon တွေလည်း ထည့်သွင်းရေးဆွဲပေးထားတာတွေ့ရပါသေးတယ်။ Touch input တွေ၊ Wheel scrolling တွေကိုအသုံးပြုနိုင်တဲ့ ဒီဇိုင်းက အတော်လေးတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

မူပိုင်ခွင့်ပုံအရ ဘေးတစ်ဘက်တစ်ချက်ဆီက Bezel တွေက အတော်လေးကိုပါးလွှာတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် အပေါ်ဘက် Bezel နေရာကိုတော့ Rounded Notch သတ်မှတ်ခေါ်တွင်နိုင်တယ်လို့ သိရပါတယ်။ ဒီအတိုင်းဆိုရင်တော့ Waterdrop Notch, bar notch, punch-hole စတာတွေ မပါဝင်တော့ဘူးလို့ ဆိုရမှာပါ။

အခုလိုဒီဇိုင်းနဲ့ဖွဲ့စည်းထားပုံကြောင့် Hardware ပိုင်းတင်မက၊ Software ပိုင်းမှာပါ ပြောင်းလဲမှုအသစ်တွေမြင်တွေ့လာရနိုင်ပါတယ်။ Infinity-O, Infinity-U နဲ့ Infinity-V တွေပြီးတဲ့နောက် Samsung ရဲ့ နောက်ထပ် Infinity သစ်တစ်ခုနဲ့ Galaxy အမျိုးအစားသစ်တစ်ခုကို မြင်တွေ့ရမလားဆိုတာကိုတော့ အချိန်ကပဲအဖြေပေးသွားမှာ ဖြစ်ပါတယ်။

Ref: Gizmochina

[Zawgyi]

သုံးပိုင္းကန႔္ထားတဲ့မ်က္ႏွာျပင္၊ စက္ဝိုင္းျခမ္းပုံစံအနားစြန္းေတြနဲ႔စမတ္ဖုန္းဒီဇိုင္းကို မူပိုင္ခြင့္တင္ထားတဲ့ Samsung

အရင္ဦးဆုံးေျပာရမွာကေတာ့ မူပိုင္ခြင့္တင္ထားတိုင္း တကယ္ထုတ္လုပ္ျဖစ္တာမဟုတ္ဘူး ဆိုတဲ့စကားပါပဲ။ ဒါေပမယ့္ မူပိုင္ခြင့္ေတြက ကုမၸဏီရဲ႕ အနာဂတ္ေျခလွမ္းေတြ၊ စိတ္ကူးစိတ္သန္းေတြကို ေဖာ္ျပေပးေနသလို၊ အသုံးျပဳသူေတြအတြက္ စိတ္ဝင္စားစရာ ဇာတ္လမ္းေတြ ဖန္တီးေပးေနတာေတာ့ ျငင္းလို႔မရပါဘူး။

ေတာင္ကိုရီးယားရဲ႕ ဧရာမနည္းပညာကုမၸဏီႀကီး Samsung ဟာ အနာဂတ္ Galaxy စမတ္ဖုန္းအတြက္ ဒီဇိုင္းတစ္မ်ိဳးကို မူပိုင္ခြင့္ေလွ်ာက္ထားတာကို ေတြ႕ျမင္ၾကရပါတယ္။ ဒီဟန္းဆက္ရဲ႕ ဒီဇိုင္းဟာ ဝန္းဝိုက္တဲ့အနားစြန္းေတြ၊ ဝန္းဝိုက္တဲ့ Notch ေတြနဲ႔ ျဖစ္ပါတယ္။ ဒါ့အျပင္ မ်က္ႏွာျပင္ကို အပိုင္းသုံးပိုင္း ခြဲျခားထားတဲ့ ပုံစံမ်ိဳးအျဖစ္လည္း ျမင္ေတြ႕ရတာပါ။

အဓိက မ်က္ႏွာျပင္ႀကီးကေတာ့ သမား႐ိုးက်ဆန္ဆန္ စတုရန္းပုံစံပဲ ျဖစ္ပါတယ္။ အစြန္းႏွစ္ဘက္က မ်က္ႏွာျပင္အေသးေတြကေတာ့ စက္ဝိုင္းျခမ္းဆန္ဆန္ ျဖစ္တာကိုေတြ႕ရပါတယ္။ ဒီအစြန္းႏွစ္ဘက္မ်က္ႏွာျပင္အေသးႏွစ္ခုဟာ တစ္ကန႔္စီျဖစ္ေပမယ့္ အတူတစ္ကြအလုပ္လုပ္ၾကမယ္လို႔ ယူဆရပါတယ္။

အစြန္းႏွစ္ဘက္က မ်က္ႏွာျပင္အေသးေလးေတြမွာ App icon ေတြလည္း ထည့္သြင္းေရးဆြဲေပးထားတာေတြ႕ရပါေသးတယ္။ Touch input ေတြ၊ Wheel scrolling ေတြကိုအသုံးျပဳႏိုင္တဲ့ ဒီဇိုင္းက အေတာ္ေလးေတာ့ စိတ္ဝင္စားစရာေကာင္းပါတယ္။

မူပိုင္ခြင့္ပုံအရ ေဘးတစ္ဘက္တစ္ခ်က္ဆီက Bezel ေတြက အေတာ္ေလးကိုပါးလႊာတာ ေတြ႕ရပါလိမ့္မယ္။ ဒါေပမယ့္ အေပၚဘက္ Bezel ေနရာကိုေတာ့ Rounded Notch သတ္မွတ္ေခၚတြင္ႏိုင္တယ္လို႔ သိရပါတယ္။ ဒီအတိုင္းဆိုရင္ေတာ့ Waterdrop Notch, bar notch, punch-hole စတာေတြ မပါဝင္ေတာ့ဘူးလို႔ ဆိုရမွာပါ။

အခုလိုဒီဇိုင္းနဲ႔ဖြဲ႕စည္းထားပုံေၾကာင့္ Hardware ပိုင္းတင္မက၊ Software ပိုင္းမွာပါ ေျပာင္းလဲမႈအသစ္ေတြျမင္ေတြ႕လာရႏိုင္ပါတယ္။ Infinity-O, Infinity-U နဲ႔ Infinity-V ေတြၿပီးတဲ့ေနာက္ Samsung ရဲ႕ ေနာက္ထပ္ Infinity သစ္တစ္ခုနဲ႔ Galaxy အမ်ိဳးအစားသစ္တစ္ခုကို ျမင္ေတြ႕ရမလားဆိုတာကိုေတာ့ အခ်ိန္ကပဲအေျဖေပးသြားမွာ ျဖစ္ပါတယ္။

Ref: Gizmochina