တောင်ကိုရီးယား မီဒီယာ Aju News က Samsung ဟာ Galaxy Z Fold 3 Foldable ဖုန်းကို ၂၀၂၁ ဇွန်လမှာ ကြေညာမယ်လို့ သတင်းပေးလိုက်ပါတယ်။ ဒါ့အပြင် Galaxy Note Series ထုတ်လုပ်တာ ရပ်နားတော့မယ်လို့ ဆိုပါတယ်။

Galaxy Z Fold 2

Samsung ဟာ Galaxy Z Fold 3 ကို အမြောက်အများ ထုတ်လုပ်ဖို့ နောက်ဆုံး Sample တွေကို စတင် ဖန်တီးနေပြီလို့ Aju News က ပြောပါတယ်။ အဲဒီ စွမ်းရည်မြင့် Foldable ဖုန်းမှာ S Pen နဲ့ မျက်နှာပြင်အောက် ကင်မရာတို့လို Samsung ရဲ့ နောက်ဆုံးထုတ် နည်းပညာတွေ ထည့်သွင်းထားနိုင်ပါတယ်။

Why Samsung Galaxy Z Fold 2 5G's $2,000 price tag isn't actually that bad - CNET

Galaxy Z Fold 3 မှာ S Pen စိုက်ထားနိုင်တဲ့ Slot ပါလာမယ်လို့ သိရပါတယ်။ အရင်သတင်းအရ Galaxy S21 Ultra မှာ S Pen ပါလာမှာ ဖြစ်ပေမယ့် S Pen Slot မထည့်သွင်းထားဘူးလို့ ဆိုပါတယ်။ S Pen ကို Galaxy Z Fold 3 နဲ့ S21 Ultra မှာ ထည့်သွင်းထားမှာ ဖြစ်တဲ့အတွက် Note Series ကို ရပ်နားတာလို့ သိရပါတယ်။ ဇွန်လ နောက်ဆုံးအပတ်မှာ Fold 3 ကို ကြေညာနိုင်ပါတယ်။

Samsung ဟာ S Pen နဲ့ တွဲဖက် အလုပ်လုပ်တဲ့ In-screen Digitizer ကို အောင်မြင်စွာ ထည့်သွင်းနိုင်ပေမယ့် S Pen သုံးတဲ့အခါ ခြစ်ရာ မထင်စေတဲ့ မာကျော ကွေးညွှတ်နိုင်တဲ့ ဖန်ကို ထည့်သွင်းဖို့ အတားအဆီးတွေ ရှိခဲ့ပါတယ်။ အဲဒီအတွက် Galaxy Fold နဲ့ Galaxy Z Fold 2 တို့မှာ S Pen မပါလာတာပါ။ S Pen ထည့်သွင်းနိုင်ဖို့အတွက် Samsung ဟာ Galaxy Z Fold 2 မှာ CPI Film အစား Ultra-thin Glass(UTG) ကို အစားထိုးခဲ့ပါတယ်။ ပထမမျိုးဆက် UTG မှာ S Pen Support မပါလာပေမယ့် Samsung ဟာ Fold 3 မှာ S Pen သုံးနိုင်အောင် ဒုတိယမျိုးဆက် UTG ကို လက်အောက် ကုမ္ပဏီ Dowoo Insys နဲ့ ပူးပေါင်း ဖန်တီးခဲ့ပါတယ်။

Fold 3 မှာ မျက်နှာပြင်အောက် ကင်မရာ ပါလာမယ့်အတွက် Full Screen ဒီဇိုင်းက အရမ်းကို မိုက်မယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina