Samsung ဟာ သူ့ရဲ့ကြီးမားကျယ်ပြန့်တဲ့ Device တွေဆီကို Security updates တွေပေးပို့ရာမှာ လျှင်မြန်တယ်လို့ ပြောစမှတ်ပြုကြရပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းကရောင်းချခဲ့တဲ့ စမတ်ဖုန်းအများစုမှာတော့ Hacker တွေက Device ကနေ အရေးကြီးအချက်အလက်တွေ ထုတ်ယူနိုင်မဲ့လုံခြုံရေးချို့ယွင်းချက်တွေနဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးနိုင်ငံ Tel Aviv တက္ကသိုလ်က သုတေသီတွေဟာ Galaxy S8, Galaxy S9, Galaxy S10, Galaxy S20 နဲ့ Galaxy S21 ဖုန်းမော်ဒယ်များစွာဟာ သူတို့ရဲ့ Cryptographic Keys တွေကို မှန်ကန်စွာမသိမ်းဆည်းထားဘဲ သူတို့ထဲမှာ သိမ်းဆည်းထားတဲ့အချက်အလက်တွေကို Hacker တွေက ထိရောက်စွာထုတ်ယူစေနိုင်ကြောင်း တွေ့ရရှိရတယ်လို့ ဆိုပါတယ်။

ဒီလိုလုံခြုံရေးချို့ယွင်းချက်ဟာ Samsung Galaxy ဖုန်း မျိုးဆက်အတော်များများမှာ ရှိနေခဲ့တယ်လို့လည်း ဆိုပါတယ်။ သက်ရောက်စေတာကလည်း Passwords တွေလိုမျိုး အထိအခိုက်မခံတဲ့၊ အရေ:ကြီးတဲ့အချက်အလက်တွေ ဖြစ်နေတာပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သုတေသီတွေက Samsung Device တွေမှာ လုံခြုံရေးအစီအမံတွေကျော်ဖြတ်နိုင်ပုံကို အစီရင်ခံစာမှာ ဖော်ပြထားပါသေးတယ်။

စိတ်သက်သာရစေမဲ့သတင်းကတော့ ဒီပြဿနာကို ရှာဖွေတွေ့ရှိပြီးနောက် ချက်ချင်းအကြောင်းကြားခဲ့တာကြောင့် အခုအချိန်မှာ Samsung ဟာ လုံခြုံရေးဟာကွက်ကို ဖာထေးပြီးဖြစ်ပါတယ်။ ပထမဆုံးပြုပြင်မှုကို August 2021 security patch နဲ့စတင်ခဲ့တာဖြစ်ပြီး၊ နောက်ဆက်တွဲအားနည်းချက်ကိုတော့ October 2021 security patch နဲ့ ဖြေရှင်းခဲ့တယ်လို့ သိရပါတယ်။

Ref: SAMMOBILE