Samsung ကနေ ပြီးခဲ့တဲ့ရက်သတ္တပတ်အစောပိုင်းတုန်းက Galaxy S20 Series တွေနဲ့ Galaxy Z Flip စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပါတယ်။ Galaxy S20 Series ဖုန်းတွေကိုတော့ တရားဝင်ရောင်းချဖို့ အချိန်လိုသေးပေမယ့် Samsung ရဲ့ ဒုတိယမြောက် Foldable Phone ဖြစ်တဲ့ Galaxy Z Flip ကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထဲက ရောင်းချခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung ရဲ့ Galaxy Z Flip ဖုန်းတွေက မနှစ်က Galaxy Fold  ထက် ရောင်းအားသိသိသာသာကို ကောင်းနေတဲ့ပုံစံပါပဲ။ ဘာကြောင့်လဲဆိုရင် Galaxy Z Flip ဟာ ပထမဆုံးရောင်းချတဲ့အသုတ်မှာတင် US နဲ့ South Korea နိုင်ငံတွေမှာ လုံးဝ Stock ပြတ်တဲ့အထိ ရောင်းကုန်သွားပြီလို့ ကြေညာလိုက်တာကြောင့် ဖြစ်ပါတယ်။

Samsung ဟာ Galaxy Z Flip စမတ်ဖုန်းကို Official Samsung Website အပြင် Samsung Experience Store တွေနဲ့ US မှာဆိုရင်လည်း Best Buy လိုမျိုး Store တွေမှာပါ ရောင်းချနေတာဖြစ်ပါတယ်။ အခု Stock ပြတ်တဲ့အထိရောင်းချရတယ်ဆိုတာကလည်း Samsung Website အပြင် Best Buy Store တွေမှာပါ ရောင်းကုန်သွားတာဖြစ်တယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ယခင်တုန်းက Flip Phone Design နဲ့ ပြုလုပ်ထားတဲ့ Galaxy Z Flip ဖုန်းက Specs တွေအရတော့ မနှစ်တုန်းက Flagship ဖုန်းတစ်လုံးရဲ့ Specs တွေကိုပဲ အသုံးပြုထားပေမယ့် Galaxy Fold ထက် စျေးပိုသက်သာတဲ့ $1,380 စျေးနဲ့ ရောင်းချတဲ့အတွက်ရော၊ Design ပိုင်းပိုလှတဲ့အတွက်ပါ အခုလိုမျိုး အမြန်ရောင်းကုန်နေတဲ့ပုံစံပါပဲ။

Samsung ကနေ South Korea မှာလည်း စစခြင်းအသုတ်အနေနဲ့ အလုံးရေ ၂၀,၀၀၀ ဝန်းကျင်ထုတ်လုပ်ထားတာဖြစ်ပြီး မိနစ် ၃၀ အတွင်းမှာတင် ရောင်းကုန်သွားတာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီ Galaxy Z Flip စမတ်ဖုန်းဟာ ဒီနှစ်မှာတော့ Samsung အတွက် အောင်မြင်တဲ့ Foldable ဖုန်းတစ်လုံးဖြစ်လာတော့မှာပါ။

Ref – Giz China