Samsung ဟာ ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းက Galaxy S22 Series ဖုန်းအသစ်တွေကို Galaxy Unpacked 2022 Event နဲ့အတူ မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Product တွေကို Mobile World Congress (MWC) Event မှာ ထပ်မံမိတ်ဆက်သွားမယ်လို့ သိရပါတယ်။
ဘာကြောင့်လဲဆိုရင် Samsung ကနေ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ MWC Event တစ်ခုကို ပြုလုပ်သွားဖို့ရှိနေတယ်ဆိုပြီး တရားဝင်ကြေညာခဲ့တာကြောင့်ဖြစ်ပါတယ်။ Samsung ကနေ ထုတ်ပြန်ထားတဲ့ Teaser ဓါတ်ပုံအရတော့ Galaxy Book Laptop ၊ Galaxy Watch နဲ့ တခြားသော စမတ်ဖုန်း၊ Tablet တွေပါဝင်လာနိုင်ခြေရှိပါတယ်။
Samsung ကနေ အတူဖော်ပြခဲ့တဲ့ Blog Post အရ Samsung Electronic ရဲ့ Head of New Computing R&D Team နေရာကို ရယူထားတဲ့ Hark-sang Kim ကနေ Next Generation Galaxy Book အသစ်တွေအကြောင်းကို ပြောကြားထားခဲ့ပါတယ်။ သူ့ရဲ့ပြောကြားချက်အရတော့ အဆိုပါ Galaxy Book အသစ်တွေဟာ Device အများအပြားတွေထဲမှာ Seamless Experience ကိုပေးစွမ်းနိုင်အောင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Samsung ဟာ ယခင်ထဲက Microsoft နဲ့ပူးပေါင်းပြီး Your Phone App ကနေ ဖုန်းနဲ့ Galaxy Book Laptop အကြား ဆောင်ရွက်နိုင်တဲ့ Feature အများအပြားထည့်သွင်းပေးထားသလို အခုဆိုရင် Windows PC မှာတောင် Android App တွေကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Samsung Gallery နဲ့ Samsung Notes တွေဟာလည်း Mobile နဲ့ PC Version တွေမှာ ပိုပြီး ဆင်တူတဲ့ Experience ကို ရရှိအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ယခု Samsung MWC Event ကို ကြည့်ချင်တယ်ဆိုရင် Samsung Official YouTube Channel မှာ လာမယ့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ 1PM ET/10AM PT (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မနက် ၁၂ နာရီခွဲ) အချိန်မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
Ref – The Verge