Qualcomm က ၂၀၂၁ ခုနှစ်ထုတ် စွမ်းရည်မြင့် စမတ်ဖုန်းတွေမှာ အလုအယက်ထည့်သွင်း သုံးကြမယ့် နောက်မျိုးဆက်စွမ်းရည်မြင့် Chipset ကို ဒီဇင်ဘာလမှာ ကြေညာတော့မှာပါ။ အခုတော့ တောင်ကိုရီးယားက ထွက်လာတဲ့သတင်းအရ Samsung Semiconductor Company ဟာ TSMC ကိုကျော်ပြီး Snapdragon 875 Chipset အားလုံးကို ထုတ်လုပ်ပေးဖို့ Qualcomm နဲ့ သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။

Samsung Semiconductor Company ဟာ Samsung Electronics ရဲ့ ဌာန ၁ ခု ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ၂၀ အတွင်းမှာ အကြီးမားဆုံး Semiconductor ထုတ်လုပ်သူ ဖြစ်လာပါတယ်။ အခု Qualcomm နဲ့ သဘောတူညီမှုသာ တကယ်ဖြစ်မယ်ဆိုရင် Samsung Semiconductor Company ဟာ သူ့နေရာကို ပိုခိုင်မာအောင် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ Snapdragon 875 Chip တချို့သာမဟုတ်ဘဲ အားလုံးကို ထုတ်လုပ်ပေးရမှာလို့ သတင်းထွက်လာပါတယ်။ Qualcomm သာ အဲဒီ Chip အားလုံးကို ထုတ်ရင် ဒေါ်လာ သန်း ၈၅၀ နဲ့ ၁ ဘီလီယမ်ကြား ကုန်ကျမှာ ဖြစ်ပါတယ်။

Qualcomm ဟာ ဒီလ အစောပိုင်းက ကျင်းပခဲ့တဲ့ IFA 2020 မှာ ပါဝင်ပြောကြားခဲ့ချိန်က စမတ်ဖုန်း ကုမ္ပဏီ တော်တော်များများဟာ စင်ပေါ်တက်လာခဲ့ပြီး Snapdragon Chipset တွေကို စဉ်ဆက်မပြတ်အားပေးမယ်ဆိုတာကို အသိပေးခဲ့ကြပါတယ်။ အဲဒီထဲမှာ OPPO နဲ့ Xiaomi တို့ ပါဝင်ပြီး မတ်လအစောပိုင်းမှာ Snapdragon 875 ပါတဲ့ စွမ်းရည်မြင့် Mi စမတ်ဖုန်း အသစ်ကို ကြေညာနိုင်ပါတယ်။

Ref : gsmarena