တောင်ကိုရီးယားရဲ့ ဧရာမနည်းပညာကုမ္ပဏီကြီးကတော့ ၂၀၂၀ ထဲမှာ Foldable Display ထုတ်လုပ်မှုကို မူလထက် လေးဆတိုးမြှင့်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ Samsung ဟာ ဒီနှစ်ကုန်ပိုင်းမှာ Foldable Display ထုတ်လုပ်မှုကို တစ်လမှာ ယူနစ် ၁ သန်းအထိ ထုတ်လုပ်နိုင်ဖို့ လျာထားတာ ဖြစ်ပါတယ်။

Samsung ရဲ့ လက်ရှိထုတ်လုပ်မှုပမာဏက တစ်လကို ၂ သိန်း ၆ သောင်းနှုန်းဖြစ်ပါတယ်။ မေလကုန်မှာတော့ တစ်လကို ယူနစ်ပေါင်း ၆ သိန်းအထိ ထုတ်လုပ်နိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဒီသတင်းကို ET News Korea က ဖော်ပြခဲ့တာဖြစ်ပြီး ထုတ်လုပ်မှုနယ်ပယ်တွင်းက ထွက်လာတဲ့ အချက်အလက်တွေပေါ်အခြေခံပြီး တွက်ချက်ထားတယ်လို့လည်း သိရပါတယ်။

သတင်းရင်းမြစ်ရဲ့အဆိုအရ Samsung ရဲ့ Foldable Display ထုတ်လုပ်မှုမြင့်တက်ဖို့ စီစဉ်ရတဲ့အကြောင်းရင်းဟာ တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်မှုကုမ္ပဏီတွေဘက်က ဝယ်လိုအား မြင့်တက်လာတာကြောင့်လို့ သိရပါတယ်။ Samsung ကလည်း ဝယ်လိုအားအလိုက် ထုတ်လုပ်မှုနှုန်းထားမြင့်တက်လာဖို့ ဗီယက်နမ်က စက်ရုံကို တိုးချဲ့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းတွေအရ Samsung ဟာ ဒီနှစ်ရဲ့ ဒုတိယနှစ်ဝက်မှာ Galaxy Fold ကို ဆက်ခံမယ့် နောက်ထပ်မျိုးဆက်သစ်ကို ဖြန့်ချိမယ်လို့လည်း ကောလာဟလအဖြစ် ကြားသိရပါတယ်။ Samsung ရဲ့ နောက်ဆုံးပေါ် Galaxy Z Flip ဟာလည်း များပြားတဲ့ဝယ်လိုအားကို ရယူထားပြီး အောင်မြင်တဲ့ထုတ်ကုန်အဖြစ် ရည်တည်နေပါတယ်။

Ref: GSM Arena