Samsung က ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ Galaxy S24 Series ကို ကြေညာဖို့ စီစဉ်နေတယ်လို့သတင်းထွက်လာပါတယ်။ တောင်ကိုရီးယားက သတင်းအရင်းအမြစ်တွေက Samsung ဟာ နောက်မျိုးဆက် စွမ်းရည်မြင့် စမတ်ဖုန်းတွေကို အရင်နှစ်ကလိုပဲ နောက်နှစ် အစောပိုင်းမှာ ချပြမယ်လို့ ပြောပါတယ်။ မိတ်ဆက်ပွဲကို အမေရိကန် ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမှာ ကျင်းပမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားက သတင်းတွေအရ မိတ်ဆက်ပွဲ ကျင်းပမယ့် တည်နေရာဟာ Cupertino က Apple ရုံးချုပ်ကနေ ၁ နာရီ ကားမောင်းသွားရင် ရောက်တယ်လို့ ပြောပါတယ်။ Galaxy S23 Series ကိုလည်း အဲဒီမှာပဲ မိတ်ဆက်ခဲ့တဲ့အတွက် ဒါဟာ မထူးဆန်းပါဘူး။ Samsung ဟာ ထုတ်ကုန် အကြီးစားတွေကို အမေရိကန်မှာ မိတ်ဆက်တဲ့ သမိုင်းကြောင်း ရှိပြီး Galaxy Z Flip4 နဲ့ Galaxy Z Fold4 ကိုလည်း နယူးယောက်မှာ ကြေညာခဲ့တာပါ။
Samsung ဟာ မိခင် နိုင်ငံကို ဂုဏ်ဆောင်ချင်လို့ နောက်ဆုံး Unpacked Event ကို တောင်ကိုရီးယားမှာ ပြုလုပ်ခဲ့ပါတယ်။ ဆိုးလ်မြို့ပြီးနောက် ဒုတိယ အကြီးဆုံး မြို့ ဖြစ်တဲ့ ဘူဆန်မှာ Expo 2030 ကို ကျင်းပခဲ့ပါတယ်။
ပွဲမှာ Galaxy S24 စမတ်ဖုန်း ၃ လုံးကို ကြေညာနိုင်ပြီး S24, S24+ နဲ့ S24 Ultra တို့ ဖြစ်ပါတယ်။ နိုင်ငံအပေါ် မူတည်ပြီး Exynos 2400 နဲ့ Snapdragon 8 Gen 3 Chipset တွေ ထည့်သွင်းထားနိုင်ပါတယ်။ Galaxy S24 Ultra မှာတော့ Qualcomm Chipset ကိုပဲ ထည့်ထားမယ်လို့ သိရပါတယ်။
Ref : gsmarena