Samsung ကတော့ Galaxy S20 FE နဲ့ပတ်သက်ပြီး လောဘကြီးတယ်လို့ ဆိုရမလားပါပဲ။ ဘာကြောင့်လဲဆိုတော့ ကုမ္ပဏီဟာ Galaxy S20 FE ကို ယူနစ်ပေါင်း ၁၀ သန်းခန့်အထိ ထုတ်လုပ်ဖို့စီစဉ်နေတယ်လို့ တောင်ကိုရီးယားသတင်းမီဒီယာတွေက ဖော်ပြနေကြပါတယ်။

TheElec ကတော့ Samsung ဟာ ၂၀၂၀ ရဲ့ လက်ကျန် ဈေးကွက်ဝေစုကို ဆက်ပြီးဆုပ်ကိုင်ထားနိုင်ရေးအတွက် ရည်ရွယ်ထားတာကြောင့်ဖြစ်တယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ အခက်အခဲအချို့နဲ့ရင်ဆိုင်နေရတဲ့ Huawei ကို ဒုတိယနေရာမှာပဲ ရှိနေစေဖို့ အခွင့်ကောင်းလည်းဖြစ်နေပါတယ်။

ပြီးခဲ့တဲ့အစီရင်ခံစာတွေအရ ၂၀၂၀ ရဲ့ ဒုတိယသုံးလပတ်မှာ Samsung ဟာ တောင်ကိုရီးယားဈေးကွက်ရဲ့ ၆၇% ကို ရယူပိုင်ဆိုင်ထားနိုင်တာကိုလည်း တွေ့မြင်ခဲ့ရပြီးဖြစ်ပါတယ်။ ဒါဟာ ကျန်တဲ့ ၂၀၂၀ သုံးလပတ်တွေအတွင်း အလုံးစုံဝေစုကို ပိုပြီးတိုးတက်များပြားလာစေမယ့် အထောက်အပံ့လည်း ဖြစ်ပါလိမ့်မယ်။

Samsung ဟာ ကျယ်ပြန့်တဲ့ဈေးကွက်ကို ဖြန့်ကျက်နိုင်ဖို့အတွက် သီးသန့်ဈေးကွက်အပိုင်းအခြားတွေကို တစ်ခုချင်းစီ အာရုံစိုက်လာတာတွေ့ရပါတယ်။ ဒါကြောင့် Galaxy S20 FE ဟာ ဒေါ်လာ ၆၀၀ ဝန်းကျင် ဈေးကွက်မှာ ဘယ်လောက်ထိ ထိုးဖောက်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာကောင်းနေပါတော့တယ်။

ပေါက်ကြားမှုတွေအရ Galaxy S20 FE ဟာ 6.5-inch, FHD+ S-AMOLED မျက်နှာပြင်နဲ့ဖြစ်ပြီး 2400 x 1080 pixels resolution ဖြစ်တယ်လို့ သိရပါတယ်။ ကိုရီးယားနဲ့ အာရှဈေးကွက်အတွက် Exynos 990 SoC ကိုသုံးပြီး USA နဲ့ ဥရောပဈေးကွက်အတွက် Snapdragon 865 ကို သုံးမယ်လို့ ဆိုပါတယ်။

ကျောဘက်မှာ 12MP အဓိကကင်မရာ၊ 8MP telephoto နဲ့ 12MPultrawide, တွေဖြစ်ပြီး အရှေ့ဘက်မှာတော့ Punch-hole နဲ့အတူ 32MP selfie ကင်မရာ တပ်ဆင်ထားမယ်လို့ သိရပါတယ်။ ဘက်ထရီကတော့ 4,500mAh ဖြစ်ပြီး 15W အားသွင်းစနစ်လည်း ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

Ref: Gizmochina