COVID-19 စတင်ပျံ့ပွားချိန်တုန်းကတော့ တရုတ်နိုင်ငံဟာ စက်ရုံအလုပ်ရုံတွေ၊ ယာယီရပ်နားပြီး အခက်တွေ့ခဲ့ရပါတယ်။ ဒါမေယ့် မတ်လမှာတော့ ဒီကပ်ရောဂါရဲ့ ရိုက်ခတ်မှုကို အန္ဒိယနိုင်ငံလည်း ခံစားနေရပါပြီ။ အိန္ဒိယနိုင်ငံအနှံ့အပြား lockdown ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
မေလဆန်းရောက်ချိန်မှာတော့ အိန္ဒိယအစိုးရလည်း Lockdown ကို တဖြည်းဖြည်းနဲ့ ပြန်ဖြေလျှော့နေပြီဖြစ်တာကြောင့် စက်ရုံအလုပ်ရုံတွေလည်း ပြန်လည် သက်ဝင်လည်ပတ်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် Samsung, Xiaomi, OPPO နဲ့ Vivo အစရှိတဲ့ စမတ်ဖုန်းအမှတ်တံဆိပ်တွေဟာ အိန္ဒိယမှာရှိတဲ့ သူတို့ရဲ့စက်ရုံတွေမှာ ထုတ်လုပ်မှုတွေ ပြန်လည်စတင်နေပြီလို့ သိရပါတယ်။
တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီကြီးကတော့ Noida စက်ရုံမှာ စမတ်ဖုန်းထုတ်လုပ်မှုကို ကန့်သတ်ချက်နဲ့ ပြန်လည်စတင်နေပြီဖြစ်ကြောင်း Samsung India ကတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ Xiaomi ကလည်း သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Foxconn ဟာ Andhra Pradesh စက်ရုံမှာ ပြန်လည်ပတ်နေပြီဖြစ်တဲ့အကြောင်း အတည်ပြုလာပါတယ်။
OPPO ကလည်း သူ့ရဲ့ Greater Nodia စက်ရုံကို ပြန်လည်ပတ်ဖို့ ကြိုးပမ်းနေပြီဖြစ်သလို၊ သူ့ရဲ့ BKK ညီအစ်ကို အမှတ်တံဆိပ်ဖြစ်တဲ့ Vivo ကတော့ လက်ရှိမှာ စက်ရုံရဲ့ စွမ်းဆောင်ရည် ၃၀% ကို ပြန်လည်ပတ်နေပြီဖြစ်ကြောင်း အတည်ပြုချက် ပေးခဲ့ပြီ ဖြစ်ပါတယ်။ Counterpoint Research ကတော့ လာမယ့်ဒုတိယသုံးလပတ်အတွင်း အိန္ဒိယစမတ်ဖုန်းဈေးကွက်ဟာ နည်းပါးလွန်းတဲ့ ဝယ်လိုအားနဲ့အတူ ခက်ခဲလိမ့်မယ်လို့ ဟောကိန်းထုတ်ထားပါတယ်။
Ref: GSM Arena