Samsung ဟာ လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ Galaxy S23 Series ဖုန်းအသစ်တွေကို တရားဝင်မိတ်ဆက်ဖို့စီစဥ်ထားပါတယ်။ အဆိုပါ Galaxy S23 ဖုန်းတွေဟာ Performance ပိုင်းမှာ ပုံမှန်ထက်ပိုမိုမြန်ဆန်အောင် Overclock ပြုလုပ်ထားတဲ့ Snapdragon 8 Gen 2 Chipset တွေကို သီးသန့်အသုံးပြုလာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်အကောင်းဆုံး Flagship ဖုန်းတွေဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံးထွက်ရှိလာတဲ့သတင်းတစ်ခုအရ Samsung ဟာ Galaxy S23 ဖုန်းတွေမှာ Apple လိုမျိုး ခွဲခြားမှုတစ်ခုကို ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒါက Base Model Galaxy S23 ဖုန်းတွေမှာ UFS 4.0 Storage အမျိုးအစားကို အသုံးပြုထားမှာမဟုတ်ဘဲ ပိုမိုနှေးကွေးတဲ့ UFS 3.1 Storage ကိုပဲ အသုံးပြုသွားမှာဖြစ်ပါတယ်။

Apple ဟာလည်း လက်ရှိရောင်းချနေတဲ့ MacBook Air ၊​ MacBook Pro အသစ်တွေမှာ Base Model Storage ကို ပိုမိုနှေးကွေးတဲ့ Single-NAND Storage Chip တွေကိုပဲ အသုံးပြုထားပြီး အမြင့်ပိုင်း Storage Model တွေမှာပဲ ၂ ဆနီးပါး ပိုမိုမြန်ဆန်တဲ့ Dual-NAND Storage Chip ကို အသုံးပြုထားတာဖြစ်ပါတယ်။

ဒါကြောင့် Samsung Galaxy S23 ဖုန်းတွေမှာလည်း 128GB Base Model ကို ဝယ်ယူမယ်ဆိုရင် UFS 3.1 Storage ကိုပဲ ရရှိမှာဖြစ်ပြီး 256GB နဲ့အထက် Model ကို ဝယ်ယူမှ ၂ ဆနီးပါး ပိုမိုမြန်ဆန်တဲ့ UFS 4.0 Storage ကို ရရှိမှာဖြစ်ပါတယ်။ UFS 4.0 ဟာ Sequential Read Speed ပိုင်းမှာ 4,200MB/s နဲ့ Write Speed မှာ 2,800MB/s အထိ စွမ်းဆောင်နိုင်တာကြောင့် Data Transfer ပြုလုပ်မှုတွေ၊ Data Processing ပိုင်းတွေမှာ သိသိသာသာကိုပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။

Ref – Engadget