မတ်လ ၁၇ ရက်နေ့ (ဒီနေ့) ကြေညာမယ့် ဖုန်း ၃ လုံးထဲမှာ ဈေးအချိုဆုံး ဖြစ်မယ်လို့ သတင်းထွက်နေတဲ့ Galaxy A33 ရဲ့ သတင်းအချက်အလက် အပြည့်အစုံ ပေါက်ကြားထွက်ပေါ်လာပါတယ်။ Evan Blass က အဲဒီ ဖုန်းရဲ့ ဓါတ်ပုံတွေကို တွစ်တာမှာ မျှဝေထားပြီး Appuals က Specs တွေကို သတင်းပေးထားပါတယ်။ Galaxy A33 မှာ ၆.၄ လက်မ 90Hz 1080p OLED မျက်နှာပြင်၊ 5,000mAh ဘက်ထရီနဲ့ အနောက်ကင်မရာ ၄ လုံး ပါလာမှာပါ။ ဥရောပမှာ ၃၇၉ ယူရိုနဲ့ ရောင်းချမှာ ဖြစ်ပြီး မြန်မာငွေ ၇၄၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Galaxy A33 ကို Galaxy A53 , Galaxy A73 တို့နဲ့ အတူ Samsung ရဲ့ “Awesome Galaxy A Event” မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ Appuals ရဲ့ သတင်းအရ Galaxy A33 မှာ Samsung Exynos 1280 Chip မောင်းနှင်ထားမှာ ဖြစ်ပြီး Octa-core CPU ဖြစ်နိုင်ပါတယ်။ အနောက်ဘက်မှာ 48MP , 8MP Ultrawide ,5MP Macro နဲ့ 2MP Portrait ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 13MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားနိုင်ပါတယ်။ IP67 စံနှုန်း ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။ 6GB RAM နဲ့ 128GB Storage ပါလာနိုင်ပါတယ်။

Galaxy A53 ရဲ့ Specs တွေ ဒီလ အစောပိုင်းက ပေါက်ကြားခဲ့ပြီး ၆.၅ လက်မ 120Hz မျက်နှာပြင် ပါလာနိုင်ပါတယ်။ Exynos 1280 Chip မောင်းနှင်ထားပြီး အနောက်ကင်မရာ ၄ လုံးထဲမှာ 64MP နဲ့ 5MP Depth တွေ ပါလာနိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်နိုင်ပြီး ကျန်တဲ့ Specs တွေက Galaxy A33 နဲ့ တူညီနိုင်ပါတယ်။

Ref : theverge