Samsung Galaxy Z Flip 5G ရဲ့ ဈေးဟာ အရင်မျိုးဆက် 4G Version နဲ့ တူညီမှာ ဖြစ်ပြီး ကိုရီးယား ဝမ် ၁.၆၅ သန်းလောက်ရှိမှာပါ။ မြန်မာငွေ ၁၉ သိန်းလောက်ကျသင့်မှာဖြစ်ပြီး SD865+ Chipset အသစ် ထည့်ထားပေမယ့် ဈေး မတင်ထားတာ မိုက်ပါတယ်။ Samsung Galaxy Z Fold 2 ကိုလည်း အရင်မျိုးဆက် Fold 2 ဈေးနဲ့ ရောင်းမှာ ဖြစ်ပြီး ကိုရီးယား ဝမ် ၂.၃၉ သန်းလောက် ကျသင့်မှာပါ။ မြန်မာငွေ ၂၇ သိန်းလောက် တန်ကြေးရှိနိုင်ပါတယ်။

Z Fold 2 ဟာ အရင်မျိုးဆက်ထက် များစွာ တိုးတက်လာပြီး ၇.၅၉  လက်မ 120Hz မျက်နှာပြင်နဲ့ S Pen ပါလာမှာပါ။ အပြင်ဘက် မျက်နှာပြင်ဟာလည်း ပိုကြီးလာပြီး ၄.၆ လက်မ ကနေ ၆.၂၃ လက်မ ဖြစ်လာပါတယ်။ အတွင်းဘက် မျက်နှာပြင်ကို Ultra Thin Glass (UTG) နဲ့ ဖုံးအုပ်ထားနိုင်ပါတယ်။  အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ အဆင့်မြှင့်ထားမှာ ဖြစ်ပြီး 64MP Main , 12MP နဲ့ 16MP တို့ ဖြစ်ပါတယ်။

Galaxy Z Flip 5G ကို ရောင်းဖို့ အဆင်သင့် ဖြစ်နေပေမယ့် Z Fold 2 ကို ရောင်းဖို့ အချိန် နည်းနည်း ယူရဦးမှာပါ။ Samsung က Z Fold 2 အလုံးရေ ၃ သန်း ရောင်းချဖို့ ရည်ရွယ်ထားပေမယ့် အစောပိုင်းမှာ အကန့်အသတ်နဲ့ ရောင်းမှာပါ။  ဈေးသက်သာတဲ့ Galaxy Z Fold Lite ကို ထုတ်လုပ်ရောင်းချမလား ဆိုတာ မသိရသေးပါဘူး။

ဒီနှစ်မှာ Mystic Bronze အရောင် ရေပန်းစားလာမှာပါ။ Z Fold 2 , Note20 , Galaxy Buds Live နဲ့ Galaxy Watch3 တို့ရဲ့ Mystic Bronze အရောင်တွေကို တွေ့မြင်ခဲ့ကြရပြီးပါပြီ။ Thom Browne နဲ့ ပူးပေါင်းထုတ်လုပ်မယ့် မော်ဒယ်တွေလည်း ထွက်လာနိုင်ပါတယ်။

Ref : gsmarena