Samsung ဟာ Galaxy S21 Series စမတ်ဖုန်းတွေကို လာမယ့် ၂၀၂၁ နှစ်စပိုင်းမှာ မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Galaxy S21 စမတ်ဖုန်းတွေနဲ့အတူ TWS Earbuds အသစ်လည်း တွဲဖက်မိတ်ဆက်သွားမယ်လို့ ယူဆပါတယ်။

အခုအချိန်မှာတော့ European Intellectual Property Office (EUIPO) မှာ Samsung ကနေ အဆိုပါ TWS Earbuds အသစ်ရဲ့ နာမည်ကို မှတ်ပုံတင်လိုက်ပြီလို့ သိရပါတယ်။ အဆိုပါ သတင်းကို GalaxyClub ကနေ SamMobile Website ကတစ်ဆင့်ဖော်ပြခဲ့တာဖြစ်ပြီး Galaxy Buds Beyond လို့ နာမည်ပေးထားတာဖြစ်ပါတယ်။

Samsung ဟာ Galaxy S20 Series ဖုန်းတွေမှာ Galaxy Buds+ နဲ့ Note 20 Series ဖုန်းတွေမှာ Buds Live နာမည်နဲ့ TWS Earbuds တွေကို အသီးသီးမိတ်ဆက်ခဲ့တာဖြစ်ပြီးတော့ လာမယ့် Galaxy S21 Series မှာတော့ Buds Beyond နာမည်ကို အသုံးပြုလာမှာဖြစ်ပါတယ်။ တချို့သော Report တွေအရလည်း Samsung ကနေ သာမန် Galaxy Buds 2 ဆိုပြီးပဲ နာမည်ပေးလာမယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung ရဲ့ TWS Earbuds တွေဟာ အခုဆိုရင်အောင်မြင်မှုရရှိနေသလိုပဲ လာမယ့် Galaxy Buds Beyond TWS Earbuds မှာလည်း ANC Feature အပြင် Water Resistance ပိုင်းကိုပါ အဆင့်မြှင့်တင်လာမယ်လို့ သိရပါတယ်။ အဆိုပါ TWS Earbuds အသစ်ကိုတော့ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်းမှာ Galaxy S21 ဖုန်းတွေနဲ့အတူ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – Gizmo China