[Zawgyi]

အခုအပတ္အေစာပုိင္းမွာ Vivo ကုမၸဏီက သူတုိ႔ရဲ႕ တရားဝင္ Weibo စာမ်က္ႏွာကေန ထုတ္ကုန္သစ္နဲ႔ ပတ္သက္တဲ့ ပုိစတာတစ္ခုကို တင္လာခဲ့ပါတယ္။ ေရစက္ေလးတစ္ေပါက္ တြဲလြဲခုိေနပုံနဲ႔ “Waterdrop” လို႔ အမည္ဝွက္ေပးထားတဲ့ ဖုန္းကို ဇႏၷဝါရီ ၂၄ ရက္ေန႔မွာ မိတ္ဆက္လာမယ့္အေၾကာင္း အသိေပးခဲ့တာပါ။

ယေန႔မွာေတာ့ Vivo ကေနာက္ထပ္ ပုိစတာတစ္ခုကို ထပ္တင္လိုက္ၿပီး မိတ္ဆက္လာမယ့္ဖုန္းဟာ ဒုတိယမ်ဳိးဆက္ APEX Concept စမတ္ဖုန္း ျဖစ္တာကို အသိေပးလိုက္ပါၿပီ။ Vivo ဟာမႏွစ္ကလည္း MWC 2018 ပြဲမွာ ပထမဆုံး APEX Concept ဖုန္းကို မိတ္ဆက္ခဲ့ၿပီး အာရုံစုိက္မႈေတြ ရရွိခဲ့သလို အခုႏွစ္မွာလည္း မုိဘုိင္းထုတ္ကုန္သစ္ မိတ္ဆက္ပြဲမ်ား နီးကပ္လာခ်ိန္မွာ အခ်ိန္ကုိက္ လႈပ္ရွားလာခဲ့ျပန္ပါတယ္။

စမတ္ဖုန္းသစ္နဲ႔ ပတ္သက္တဲ့ အျခားအခ်က္အလက္ေတြေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ ထုတ္ျပန္ထားတဲ့ ပိုစတာေတြနဲ႔ Leak ျဖစ္ထားတဲ့ သတင္းေတြအရေတာ့ ဒီဖုန္းအသစ္မွာ Bezel မပါသေလာက္ ေခ်ာေမြ႕ၿပီး အရင္က မျမင္ဖူးတဲ့ ဒီဇုိင္းမ်ဳိးျဖင့္ ပြဲထြက္လာမယ္လို႔ ဆုိေနပါတယ္။

၂၀၁၈ က ျပသခဲ့တဲ့ APEX စမတ္ဖုန္းကို အေျခခံၿပီး Vivo NEX Flagship စမတ္ဖုန္းကို ထုတ္လုပ္ခဲ့ရာမွာ ေအာင္ျမင္မႈ ရရွိခဲ့သလို Half-Screen Fingerprint ကိုထည့္လာတဲ့ ပထမဆုံး ဖုန္းလည္း ျဖစ္ပါတယ္။ လာမယ့္ ၂၄ ရက္ေန႔မွာ တရုတ္ႏုိင္ငံအတြင္း အရင္မိတ္ဆက္လာမယ့္ APEX 2019 ဖုန္းကို ေဖေဖာ္ဝါရီလမွာ က်င္းပသြားမယ့္ MWC 2019 ပြဲမွာလည္း ႏုိင္ငံတကာေစ်းကြက္သို႔ မိတ္ဆက္ျပသလာဦးမယ္လို႔ ယူဆရပါတယ္။

Ref – Mysmartprice

[Unicode]

အခုအပတ်အစောပိုင်းမှာ Vivo ကုမ္ပဏီက သူတို့ရဲ့ တရားဝင် Weibo စာမျက်နှာကနေ ထုတ်ကုန်သစ်နဲ့ ပတ်သက်တဲ့ ပိုစတာတစ်ခုကို တင်လာခဲ့ပါတယ်။ ရေစက်လေးတစ်ပေါက် တွဲလွဲခိုနေပုံနဲ့ “Waterdrop” လို့ အမည်ဝှက်ပေးထားတဲ့ ဖုန်းကို ဇန္နဝါရီ ၂၄ ရက်နေ့မှာ မိတ်ဆက်လာမယ့်အကြောင်း အသိပေးခဲ့တာပါ။

ယနေ့မှာတော့ Vivo ကနောက်ထပ် ပိုစတာတစ်ခုကို ထပ်တင်လိုက်ပြီး မိတ်ဆက်လာမယ့်ဖုန်းဟာ ဒုတိယမျိုးဆက် APEX Concept စမတ်ဖုန်း ဖြစ်တာကို အသိပေးလိုက်ပါပြီ။ Vivo ဟာမနှစ်ကလည်း MWC 2018 ပွဲမှာ ပထမဆုံး APEX Concept ဖုန်းကို မိတ်ဆက်ခဲ့ပြီး အာရုံစိုက်မှုတွေ ရရှိခဲ့သလို အခုနှစ်မှာလည်း မိုဘိုင်းထုတ်ကုန်သစ် မိတ်ဆက်ပွဲများ နီးကပ်လာချိန်မှာ အချိန်ကိုက် လှုပ်ရှားလာခဲ့ပြန်ပါတယ်။

စမတ်ဖုန်းသစ်နဲ့ ပတ်သက်တဲ့ အခြားအချက်အလက်တွေတော့ မသိရသေးပါဘူး။ ဒါပေမယ့် ထုတ်ပြန်ထားတဲ့ ပိုစတာတွေနဲ့ Leak ဖြစ်ထားတဲ့ သတင်းတွေအရတော့ ဒီဖုန်းအသစ်မှာ Bezel မပါသလောက် ချောမွေ့ပြီး အရင်က မမြင်ဖူးတဲ့ ဒီဇိုင်းမျိုးဖြင့် ပွဲထွက်လာမယ်လို့ ဆိုနေပါတယ်။

၂၀၁၈ က ပြသခဲ့တဲ့ APEX စမတ်ဖုန်းကို အခြေခံပြီး Vivo NEX Flagship စမတ်ဖုန်းကို ထုတ်လုပ်ခဲ့ရာမှာ အောင်မြင်မှု ရရှိခဲ့သလို Half-Screen Fingerprint ကိုထည့်လာတဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်ပါတယ်။ လာမယ့် ၂၄ ရက်နေ့မှာ တရုတ်နိုင်ငံအတွင်း အရင်မိတ်ဆက်လာမယ့် APEX 2019 ဖုန်းကို ဖေဖော်ဝါရီလမှာ ကျင်းပသွားမယ့် MWC 2019 ပွဲမှာလည်း နိုင်ငံတကာဈေးကွက်သို့ မိတ်ဆက်ပြသလာဦးမယ်လို့ ယူဆရပါတယ်။

Ref – Mysmartprice