DeepSeek ကို အမေရိကန်က အပြင်းအထန် ပိတ်ဆို့ အရေးယူဖို့ ကြိုးစားနေကြပါပြီ။ နိုင်ငံလုံခြုံရေး အကြောင်းပြချက်နဲ့ အမေရိကန် လွှတ်တော် အမတ် Josh Hawley က တရုတ် AI တွေ၊ အထူးသဖြင့် DeepSeek ကို ကန့်သတ်မယ့် ဥပဒေ တစ်ခုကို အဆိုပြုတင်သွင်းလိုက်ပါတယ်။
အဲဒီ ဥပဒေ အရ အမေရိကန် နိုင်ငံသားတွေနဲ့ကုမ္ပဏီတွေကို တရုတ် AI အသုံးပြုခွင့် ပိတ်ပင်မှာ ဖြစ်ပါတယ်။ ဥပဒေ ချိုးဖောက်ရင် ထောင်ဒဏ် ၂၀ နှစ်နဲ့ လူတစ်ယောက်အတွက် ဒဏ်ငွေ ဒေါ်လာ ၁ သန်း၊ ကုမ္ပဏီအတွက် ဒဏ်ငွေ ဒေါ်လာ သန်း ၁၀၀ ပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ AI ဥပဒေတွေထဲမှာ အကြမ်းဆုံး ဖြစ်လာမှာပါ။
အဲဒီ ဥပဒေဟာ မကြာခင်က အလွန်လျှင်မြန်စွာ ရေပန်းစားလာတဲ့ DeepSeek ကို အမေရိကန် အစိုးရက အလွန် စိတ်ပူနေတာကို ပြသနေပါတယ်။ DeepSeek ကြောင့် အမေရိကန် စတော့ ဈေးကွက်ဟာ ပြီးခဲ့တဲ့ တစ်ပတ်မှာ ဒေါ်လာ ၁ ထရီလီယမ် ဆုံးရှုံးသွားပါတယ်။ လေ့လာသူတွေက ဒီဥပဒေဟာ နိုင်ငံလုံခြုံရေးထက် အမေရိကန်ရဲ့ AI ဈေးကွက်ကို ကာကွယ်ဖို့ ရည်ရွယ်တာလို့ သုံးသပ်ပါတယ်။
Ref : Tech Explorers