Skyborne Technologies က ရှေ့တန်းစစ်ဆင်ရေးမစ်ရှင်တွေအတွက် တည်ဆောက်ထားတဲ့ ခြေလေးချောင်းပါ AI-ခွေးစက်ရုပ် CODiAQ ကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Skyborne Technologies - CODiAQ

လူက အဝေးကနေ ထိန်းချုပ်နိုင်သလို  CODiAQ ဟာ သူ့ဘာသာသူ ရွေ့လျားသွားလာနိုင်စွမ်း ရှိပါတယ်။ အဲဒီအချိန်မှာ ထိန်းချုပ်သူက မစ်ရှင်ဆိုင်ရာ ဆုံးဖြတ်ချက်တွေချတာကိုပဲ အာရုံစိုက်နေလို့ ရပါတယ်။ သူ့ကို မြန်မြန်ဆန်ဆန် နေရာချနိုင်ဖို့နဲ့ လေ့ကျင့်ရတာ လွယ်ကူဖို့အတွက် ဒီဇိုင်းထုတ်ထားပါတယ်။

Skyborne Technologies - CODiAQ

အဲဒီစက်ရုပ်မှာ modular payload system (အစိတ်အပိုင်းတွေ လဲလှယ်တပ်ဆင်နိုင်တဲ့ စနစ်) ကို သုံးထားပြီး လက်နက် module တွေ (ဥပမာ ၄၀ မီလီမီတာ ဗုံးပစ်လောင်ချာ ဒါမှမဟုတ် ၁၂-ဂေ့ချ် ရှော့ဂန်း) နဲ့ အဆင့်မြင့် ပစ်မှတ်ရှာ အီလက်ထရောနစ်ပစ္စည်းတွေ တင်ဆောင်နိုင်ပါတယ်။

စက်ရုပ်ပေါ်မှာ ပါတဲ့ AI က ချိန်ရွယ်တာ၊ ပစ်မှတ်ကို ခြေရာခံတာနဲ့ ပစ်ခတ်မှုဆိုင်ရာ တွက်ချက်မှုတွေကို ကူညီပေးပါတယ်။ ဒါကြောင့် ဒီစက်ရုပ်ဟာ နေ့ရောညပါ အခြေအနေတွေမှာ တိကျစွာ ပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်။

CODiAQ ဟာ ဖုန်၊ ရေ၊ လှေကားတွေ၊ ကြမ်းတမ်းတဲ့ မြေပြင်တွေနဲ့ ယာဉ်တွေကို နှေးကွေးစေတဲ့ ရှုပ်ထွေးတဲ့ နေရာတွေကို ကောင်းကောင်း ကိုင်တွယ်နိုင်ပါတယ်။

သူ့ရဲ့ ရွေ့လျားသွားလာနိုင်မှုနဲ့ တိကျမှုတွေက မြို့ပြတိုက်ပွဲတွေ၊  လုံခြုံရေး နဲ့ ရန်သူ့နယ်မြေထဲ ထိုးဖောက်ဝင်ရောက်တာတွေလိုမျိုး အခန်းကဏ္ဍတွေမှာ အသုံးဝင်ပါတယ်။ ဒါတွေအားလုံးကို လုပ်ဆောင်နေချိန်မှာ လူသားထိန်းချုပ်သူတွေအပေါ် ကျရောက်မယ့် တိုက်ရိုက်အန္တရာယ်ကိုလည်း လျှော့ချပေးပါတယ်။

Ref : Technology Innovation