အိန္ဒိယနိုင်ငံက အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ကမ္ဘာ့အသေးဆုံး အာကိတ်ဂိမ်းစက် (Arcade game machine) ကို တီထွင်နိုင်ခဲ့ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။ အဲဒီဂိမ်းစက်ဟာ အမြင့် ၃ စင်တီမီတာတောင် မပြည့်ဘဲ လက်ချောင်းထိပ်လေးထက်တောင် သေးငယ်ပေမယ့် တကယ်ကို ကစားလို့ရတာ ဖြစ်ပါတယ်။

Arcade game cabinet

ဒီဂိမ်းစက်ကို ငယ်စဉ်ကတည်းက အီလက်ထရောနစ် နည်းပညာတွေကို စိတ်ဝင်စားတဲ့ Kiran Patil ဆိုသူက ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အရွယ်အစားအားဖြင့် အမြင့် ၂၄ ဒသမ ၈၅ မီလီမီတာ၊ အလျား ၁၅ ဒသမ ၂၅ မီလီမီတာနဲ့ အနံ ၁၅ ဒသမ ၁ မီလီမီတာသာ ရှိပြီး ခလုတ် ၄ ခု ပါဝင်ကာ နာမည်ကျော် Space Invaders ဂိမ်းကို ကစားနိုင်ပါတယ်။

Kiran Patil

အဲဒီဂိမ်းစက်ကို ဖန်တီးဖို့ ကိုဗစ်ကာလမှာကတည်းက စတင်စိတ်ကူးရခဲ့ပြီး ကနဦးပုံစံကို တည်ဆောက်ခဲ့ပေမယ့် ပညာရေးနဲ့ အလုပ်တွေကြောင့် ခေတ္တရပ်နားထားခဲ့ရပါတယ်။ အဲဒီနောက် ၂၀၂၅ ခုနှစ် နွေရာသီမှာမှ စီမံကိန်းကို ပြန်လည်စတင်ခဲ့ပြီး အတွင်းပိုင်းစနစ်တွေနဲ့ ဖွဲ့စည်းပုံတွေကို အသေအချာ ပြန်လည်တီထွင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ကမ္ဘာ့အသေးဆုံး အာကိတ်ဂိမ်းစက်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းက တရားဝင် အသိအမှတ်ပြုခဲ့ပါတယ်။ ဒီအောင်မြင်မှုဟာ လူငယ်တီထွင်သူတစ်ဦးရဲ့ ဇွဲလုံ့လနဲ့ ဖန်တီးနိုင်စွမ်းကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။

Ref : Khaosod