နယ်သာလန်က ကျောင်းသားတွေ တီထွင်ထားတဲ့ နေရောင်ခြည်စွမ်းအင်သုံးကားဟာ အားသွင်းစရာ မလိုဘဲ ၁,၀၀၀ ကီလိုမီတာ ( ၆၂၁ မိုင်)ကို မောင်းနှင်နိုင်ခဲ့ပါတယ်။ နေရောင်ခြည် စွမ်းအင်ကိုပဲ အသုံးပြုကာ မောင်းနှင်ခဲ့တာ ဖြစ်ပြီး မာကျောတဲ့ လမ်းကြမ်းမောင်း ကား ဖြစ်ပါတယ်။ Stella Terra ဟာ စွမ်းရည်မြင့် Solar Panel တွေကိုပဲ အသုံးပြုကာ မော်ရိုကို မြောက်ပိုင်း ကနေ ဆာဟာရ သဲကန္တာရကို မောင်းနှင်ခဲ့တာပါ။

Image for article titled Solar-Powered Car Drives Across Morocco To The Sahara Without Using Charging Stations

လက်ရှိ လျှပ်စစ်ကားတွေတောင် လမ်းမှာ အားသွင်းစရာ မလိုဘဲ အဲဒီ အကွာအဝေးကို မမောင်းနှင်နိုင်ပါဘူး။ Stella Terra ကတော့ လမ်းမှာ အားသွင်းစက် မလိုဘဲ မောင်းနှင်နိုင်ပါတယ်။ ကားရဲ့ Solar Panel တွေဟာ စွမ်းရည်မြင့်မားပြီး ကားကို တီထွင်ထားတဲ့ ကျောင်းသားတွေတောင် အံ့အားသင့်ခဲ့ကြပါတယ်။

Image for article titled Solar-Powered Car Drives Across Morocco To The Sahara Without Using Charging Stations

အိမ့်ဟိုဗင် နည်းပညာ တက္ကသိုလ်က ကျောင်းသားတွေက တီထွင်ထားတာ ဖြစ်ပြီး သူတို့က Stella Terra ဟာ ထင်ထားတာထက် ၃၃ ရာခိုင်နှုန်းခန့် စွမ်းဆောင်ရည် ပိုကောင်းတယ်လို့ ပြောပါတယ်။ သူတို့က နေသာတဲ့ နေ့မှာ ၇၁၀ ကီလိုမီတာ ( ၄၄၁ မိုင်)နဲ့ တိမ်ထူတဲ့ နေ့မှာ ၆၆၀ ကီလိုမီတာ  (၄၁၀ မိုင်) မောင်းနှင်နိုင်မယ်လို့ တွက်ချက်ထားတာပါ။

ကျောင်းသားတွေရဲ့ တီထွင်မှုဟာ အထင်ကြီးစရာ ကောင်းပြီး ဒီနေ့ခေတ် ဈေးကွက်ထဲက နေရောင်ခြည်စွမ်းအင်သုံး ကားတွေထက် စွမ်းရည်ပိုကောင်းပါတယ်။ အဖွဲ့ မန်နေဂျာ Wisse Bos က Stella Terra ရဲ့ နည်းပညာဟာ ဆယ်စုနှစ် ၁ ခု စောနေတယ်လို့ ပြောပါတယ်။ ကားရဲ့ Custom-made Converter ဟာ နေရောင်ခြည်ကို လျှပ်စစ်စွမ်းအင် အဖြစ် ပြောင်းလဲရာမှာ ၉၇ ရာခိုင်နှုန်း စွမ်းရည် မြင့်မားတယ်လို့ ပြောပါတယ်။

Ref: jalopnik