Google ဟာ လာမယ့်လပိုင်းအတွင်းမှာ Pixel 6 Series Flagship ဖုန်းတွေကို မိတ်ဆက်တော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလိုမျိုး ကိုယ်ပိုင် Google Tensor Chipset နဲ့ Flagship ဖုန်းတွေကို မမိတ်ဆက်ခင်မှာ Mid Range ဖုန်းအသစ်ဖြစ်တဲ့ Pixel 5a with 5G ဖုန်းကိုပါ မိတ်ဆက်ထားခဲ့ပါသေးတယ်။

အဆိုပါ Pixel 5a with 5G ဖုန်းဟာ စျေးနှုန်းအရ $449 နဲ့ရောင်းချနေတာဖြစ်ပြီး Specification ပိုင်းမှာ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Pixel 4a 5G နဲ့ အတူတူပဲဖြစ်ပါတယ်။ ကွာခြားချက်အနေနဲ့ Metal Body ကို ပြောင်းလဲအသုံးပြုထားတာနဲ့ IP67 Dust & Water Resistant ပါဝင်လာတာပဲ ပိုကောင်းမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စျေးအနေနဲ့လည်း ပိုသက်သာသွားတာကြောင့် ဒေါ်လာ ၅၀၀ အောက်ဖုန်းတွေထဲမှာ ရွေးချယ်စရာဖြစ်လာပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Google Pixel 5a with 5G ဖုန်းမှာ Video ရိုက်ကူးတဲ့အချိန်မှာ သိသိသာသာကို Heat တက်လာပြီး Warning ပေါ်လာတဲ့ ပြဿနာကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ Pixel 5a ဟာ ပြီးခဲ့တဲ့ Pixel 5 နဲ့ Pixel 4a 5G ဖုန်းတွေလိုမျိုးပဲ Qualcomm Snapdragon 765G Chipset ကိုပဲ အသုံးပြုထားတာဖြစ်ပေမယ့် Pixel 5a ဖုန်းမှာပဲ အခုပြဿနာကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

နောက်ထပ် ထူးခြားချက်တစ်ခုကတော့ အခုလိုမျိုး Video ရိုက်ကူးတဲ့အချိန်မှာ Heat Issue ကို ကြုံတွေ့နေရတာက Pixel 5a ဖုန်းတိုင်းမဟုတ်ဘဲ တချို့သောဖုန်းတွေပဲ ကြုံတွေ့နေတာဖြစ်ပါတယ်။ အထူးသဖြင့် Camera ဖွင့်ပြီး ၂ မိနစ်လောက် Video ရိုက်ကူးလိုက်တာနဲ့ Heat တက်လာတဲ့ Warning ပေါ်လာတယ်လို့သိရပါတယ်။

အဲ့ဒါကြောင့် အခုအချိန်မှာတော့ Google ကနေ စတင်ပြီး ဘာကြောင့်ဒီပြဿနာဖြစ်ပွားနေရသလဲဆိုတာကို စတင်စစ်ဆေးနေပြီလို့ သိရပါတယ်။ လောလောဆယ်မှာတော့ ဘာကြောင့်ဖြစ်ပွားရသလဲဆိုတာကို ပြောကြားခြင်းမရှိသေးပေမယ့် Software Bug တစ်ခုခုကြောင့် ဖြစ်ပွားနိုင်ခြေများတယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် တကယ်လို့သာ Software ပြဿနာကြောင့်ဆိုရင်တော့ မကြာခင်မှာ Google ကနေ Software Update ကနေတစ်ဆင့် ဖြေရှင်းသွားမှာဖြစ်ပါတယ်။

Ref – Android Central