Google ဟာ အခုအချိန်မှာ Android 13 OS Update ကို Stable အနေနဲ့ ထုတ်ပေးထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း လောလောဆယ်မှာ Google Pixel ဖုန်းတွေပဲ အဆိုပါ Android 13 Update ကို အသုံးပြုနိုင်နေတာဖြစ်ပါတယ်။

ဒီလိုမျိုး Android 13 Stable Update ကို အစောဆုံး Update ပြုလုပ်နိုင်ပေမယ့်လည်း လက်ရှိနောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Pixel ဖုန်းတွေမှာ Android 13 OS Update တင်ပြီး Error အချို့ကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါကတော့ Android 13 ကို Update လုပ်အပြီးမှာ Wireless Charger တွေနဲ့အသုံးပြုနိုင်ခြင်းမရှိတော့တာပဲဖြစ်ပါတယ်။

အဆိုပါ ပြဿနာဟာ Pixel ဖုန်းအမျိုးအစားတစ်ခုတည်းမှာပဲ ကြုံတွေ့နေရတာမဟုတ်ဘဲ Google Pixel 4 ၊ Pixel 4 XL ၊ Pixel 6 နဲ့ Pixel 6 Pro ဖုန်းတွေအကုန်လုံးမှာ ကြုံတွေ့နေရတာဖြစ်ပါတယ်။ Reddit Forum မှာ ဖော်ပြချက်တွေအရ Wireless Charger အမျိုးအစားပေါင်းစုံမှာ အလားတူပြဿနာဖြစ်ပေါ်နေတာဖြစ်ပြီး Google ရဲ့ ကိုယ်ပိုင် Pixel Stand Wireless Charger မှာလည်း အားသွင်းမရဘူးလို့ သိရပါတယ်။

အခုလိုမျိုး အားသွင်းမရတဲ့ပြဿနာဖြစ်နေတာကလည်း တစ်ခုနဲ့တစ်ခုမတူညီဘဲ တချို့ဖုန်းတွေမှာ အားဝင်တဲ့ ပုံစံပြပေမယ့် တကယ်အားမဝင်တာမျိုး၊ တချို့ကလည်း Charging Stand နဲ့ မကိုက်ညီဘူးဆိုတဲ့ Error Message တွေ ဖော်ပြတာမျိုး ဖြစ်နေတာပါ။ တချို့ဖုန်းတွေကလည်း Wireless Charging နဲ့အားသွင်းနိုင်ပေမယ့် တစ်နာရီကို 10% လောက်ပဲ အားဝင်ပြီး ဖုန်းကလည်း ပုံမှန်ထက် ပိုပူနေတယ်လို့ သိရပါတယ်။

Google ကတော့ အခုလိုမျိုး ပြဿနာတွေအတွက် တရားဝင်သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့်လည်း လာမယ့် ရက်ပိုင်းအတွင်းမှာ Software Update နဲ့အတူ ဖြေရှင်းပေးသွားမယ်လို့ ယူဆရပါတယ်။

Ref – The Verge