Elon Musk ရဲ့ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေမှုတွေကြောင့် Tesla ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။ အဲဒီအတွက် Tesla ကားပိုင်ရှင်တွေဟာ လူတွေရဲ့ ဝေဖန်မှု မခံရအောင် Tesla ကားတွေမှာ Toyota တံဆိပ်ကပ်ကာ အသုံးပြုနေကြပါတယ်။
Tesla ကားတွေဟာ တက္ကဆပ် နဲ့ ကယ်လီဖိုးနီးယားမှာ တာယာ အခိုးခံရတာတွေ၊ ဖျက်ဆီးခံရတာတွေ ရှိနေပါတယ်။
Students Against N*zi Extremism (SANE) အုပ်စုက Tesla ကားတွေကို ပစ်မှတ်ထား တိုက်ခိုက်မယ်လို့ ပြောထားပါတယ်။
အဲဒီအတွက် Tesla ကားပိုင်ရှင်တွေဟာ Tesla ကားတွေမှာ Toyota နဲ့ Honda လို တခြား ကား တံဆိပ်တွေကို ကပ်ကာ အသုံးပြုနေကြပါတယ်။
မကြာသေးခင်ကပဲ ဂျာမနီမှာ Tesla ကားတွေကို မီးရှို့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါသေးတယ်။
Ref : Tech Explorers