Tesla က လျှပ်စစ်ကားတွေမှာ စွမ်းရည်မျိုးစုံ ထည့်သွင်းနေတဲ့ Tesla Car System ကို ဖန်တီးထားပါတယ်။ အဲဒီ System ဟာ နှစ်တိုင်း လုပ်ဆောင်ချက်တွေ ပိုများလာပါတယ်။ တချို့ ကုမ္ပဏီတွေက Tesla ကို ယှဉ်ပြိုင်ချင်ရင် လုပ်ဆောင်ချက်တွေကို အပြိုင်အဆိုင် ထည့်သွင်းဖို့ လိုအပ်တယ်ဆိုတာ သိလာကြပါတယ်။ Sony နဲ့ Honda တို့ကလည်း အနာဂတ်ထုတ် ကားတွေမှာ ဆော့ဖ်ဝဲတွေ ပိုမို ထည့်သွင်းဖို့ ကြိုးစားလာကြပါတယ်။ ကုမ္ပဏီ ၂ ခု ပူးပေါင်းပြီး Honda ရဲ့ လျှပ်စစ်ကားတွေမှာ PS5 ထည့်သွင်းဖို့ စီစဉ်နေကြပါတယ်။

PS5 in the car - Sony and Honda have an idea to compete with Tesla - Crast.net

Sony နဲ့ Honda ဟာ စက်တင်ဘာလမှာ Sony Honda Mobility လို့ အမည်ပေးထားတဲ့ ပူးပေါင်းမှုကို ကြေညာခဲ့ပါတယ်။ ကုမ္ပဏီ ၂ ခုက ပူးပေါင်းထုတ်လုပ်မယ့် ထုတ်ကုန်တွေကို မပြောသေးပေမယ့် လျှပ်စစ်ကား နယ်ပယ်မှာ ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ အဲဒီစီမံကိန်းတွေထဲက ၁ ခုက လျှပ်စစ်ကားတွေမှာ Sony ရဲ့ ထုတ်ကုန်တွေ ထည့်သွင်းဖို့ ဖြစ်ပြီး PS5 ကလည်း တစ်စိတ်တစ်ပိုင်း ပါလာမှာပါ။

Sony and Honda

Sony Honda Mobility ရဲ့ အကြီးအကဲ Izumi Kawanishi က Financial Times နဲ့ အင်တာဗျူး ၁ ခုမှာ လျှပ်စစ်ကားတွေမှာ သီချင်း၊ ရုပ်ရှင်နဲ့ PS5 ထည့်သွင်းဖို့စီစဉ်နေတယ်လို့ ပြောပါတယ်။ သူက “ဒါဟာ Tesla ကို ယှဉ်ပြိုင်ဖို့ဖြစ်ပြီး လျှပ်စစ်ကားတွေမှာ PS5 ထည့်သွင်းဖို့ ဖြစ်နိုင်ပါတယ်။ “ လို့ ပြောပါတယ်။

ယခင် Honda ရဲ့ အကြီးအကဲနဲ့ Sony Honda Mobility ရဲ့ အတွင်းရေးမှူး Yasuhide Mizumo က “ ကုမ္ပဏီဟာ ကားမှာ Content တွေကို အရင်ဆုံး ထည့်သွင်းရမှာဖြစ်ပြီး ပထမဆုံး မော်ဒယ်ကို ၂၀၂၅ ခုနှစ် မြောက်အမေရိကမှာ ရောင်းချမှာပါ။ PS5 ကို ကားမှာ အသုံးပြုနိုင်ဖို့အတွက် ကားမှာ မောင်းသူမဲ့ နည်းပညာ ထည့်သွင်းဖို့ လိုအပ်ပါတယ်။ “ လို့ ပြောပါတယ်။

Sony နဲ့ Honda တို့ ပူးပေါင်းမှုကနေ ဘယ်လို နည်းပညာတွေ ထွက်လာမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။

Ref : gizchina