Sony ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းအသစ်တွေကို ယခင်တုန်းကလိုမျိုး အမြောက်အများထုတ်လုပ်ခြင်းမရှိတော့ပေမယ့် Flagship Xperia 1 Series နဲ့ Xperia 5 Series တွေအပြင် Mid Range ဖုန်းအချို့ကိုတော့ ဆက်လက်ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ လာမယ့် အောက်တိုဘာလ ၂၆ ရက်နေ့မှာလည်း Sony ကနေ Event တစ်ခုကို ပြုလုပ်ဖို့ရှိနေပြီး ဘာတွေမိတ်ဆက်လာမလဲဆိုတာကိုတော့ မသိရသေးပါဘူး။
ဒါပေမယ့် Sony ရဲ့ China Branch ကနေ ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပြီး ဒါကတေ့ာ တရုတ်နိုင်ငံစျေးကွက်အတွက် Sony ဟာ Meizu နဲ့ ပူးပေါင်းလိုက်ပြီဖြစ်ပါတယ်။ ဒီလိုမျိုး ပူးပေါင်းမှုဟာ Sony ကို တရုတ်နိုင်ငံစျေးကွက်အတွက် ပိုပြီးသင့်တော်တဲ့ App တွေနဲ့ Feature တွေကို Meizu ရဲ့ Flyme UI ဆီကနေ ရယူအသုံးပြုနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။
Meizu ဟာ International စျေးကွက်မှာတော့ အောင်မြင်ခြင်းမရှိသေးပေမယ့် တရုတ်နိုင်ငံစျေးကွက်မှာ အသုံးပြုသူ သန်း ၁၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။ အရင်ဆုံးအနေနဲ့ တရုတ်နိုင်ငံမှာ ရောင်းချသွားမယ့် Sony Xperia 1 III ဖုန်းမှာ Meziu App တွေကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ တကယ်လို့ အစောပိုင်း Xperia 1 III ဖုန်းကို အသုံးပြုနေတယ်ဆိုရင်လည်း Meizu App တွေကို Download ပြုလုပ်နိုင်ဖို့အတွက် Firmware Update ကိုလည်း ထုတ်ပေးသွားမယ်လို့ သိရပါတယ်။
ဒါပေမယ့် အခုလိုမျိုး Flyme UI ရဲ့ App တွေကိုပဲ ထည့်သွင်းပေးထားမှာလား၊ Meizu ရဲ့ ကိုယ်ပိုင် App Store ကိုပါ Sony ဖုန်းတွေမှာ အသုံးပြုနိုင်မလားဆိုတာကိုတော့ လက်ရှိအချိန်အထိ သိရှိရခြင်းမရှိသေးပါဘူး။ Sony နဲ့ Meizu ရဲ့ ပြောကြားချက်အရတော့ နောက်ပိုင်းမှာ Sony စမတ်ဖုန်းတွေမှာ Meizu Apps တွေတင်မဟုတ်ဘဲ Flyme UI က Feature တွေကိုပါ ထည့်သွင်းပေးသွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။
Ref – GSM Arena