Sony က PlayStation 5 Digital Edition Console မော်ဒယ် အသစ်ကို တိတ်တဆိတ် ရောင်းချပေးလိုက်ပါတယ်။ မော်ဒယ်နံပါတ်က CFI-1102A ဖြစ်ပြီး Australia က စတိုးတွေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အရင်မော်ဒယ် CFI-1000B နဲ့ မတူတဲ့ အဓိက ပြောင်းလဲမှု ၂ ခု ပါလာပါတယ်။ မော်ဒယ် အသစ်မှာ အလေးချိန် ၃၀၀ ဂရမ် လျှော့ချထားပြီး စုစုပေါင်း အလေးချိန်က ၃.၆ ကီလိုဂရမ် ဖြစ်ပါတယ်။ Installation အတွက် Screwdriver မလိုအပ်တဲ့ Stand ဒီဇိုင်း အသစ်ကို အသုံးပြုထားပါတယ်။
မော်ဒယ် အသစ်ရဲ့ ဘူးထဲမှာ လက်နဲ့ Install လုပ်နိုင်တဲ့ ခေါင်းမှာ အရစ်တွေ ပါတဲ့ Screw အသစ် ပါလာပါတယ်။
အဲဒါတွေကလွဲပြီး မော်ဒယ် အသစ်နဲ့ အဟောင်းတို့ဟာ လုံးဝ တူညီကြပြီး Hardware ပြောင်းလဲမှု မရှိဘူးလို့ ထင်ရပါတယ်။ မော်ဒယ်အသစ် CFI-1102A PS5 Digital Edition ရဲ့ သတင်းအချက်အလက်တွေ ဂျပန်က စတိုးကနေ အရင်က ပေါက်ကြားထွက်ပေါ်ခဲ့ဖူးတဲ့အတွက် မကြာခင် ဂျပန်မှာ အဲဒီ မော်ဒယ်အသစ်ကို ရောင်းချပေးတော့မယ်လို့ ထင်ရပါတယ်။ တခြား နိုင်ငံတွေမှာ ရောင်းချမယ့် သတင်းကို မသိရသေးပါဘူး။
Sony က မော်ဒယ်အသစ်ရဲ့ ပြောင်းလဲမှု အတိအကျကို မကြေညာသေးပါဘူး။ မော်ဒယ်အသစ်ကို ပေါ့ပါးအောင် အတွင်းပိုင်း အစိတ်အပိုင်းတွေကို ဆန်းသစ်ထားမလား ဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။ User တွေလက်ထဲရောက်မှပဲ အတွင်းပိုင်း အစိတ်အပိုင်းတွေမှာ အပြောင်းအလဲရှိမလားဆိုတာ လေ့လာလို့ရမှာပါ။
Ref : gsmarena