Sony က PlayStation 5 (PS5) ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရောင်းချပေးခဲ့ပြီး ဝယ်လိုအား အရမ်းများတဲ့အတွက် Sony က ရောင်းချမှု အပိုင်းမှာ မနိုင်မနင်း ဖြစ်ခဲ့ရပါသေးတယ်။ အခုတော့ Sony က ကမ္ဘာအဝန်းမှာ PS5 ဂိမ်းစက် အလုံးရေ ၁၀ သန်းကျော်ရောင်းချနိုင်ခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။

Sony က ဒီသတင်းကို တွစ်တာကနေ အသိပေးလိုက်တာ ဖြစ်ပြီး အဲဒီ ရောင်းအားဟာ ဇူလိုင်လ ၁၈ ရက်နေ့အထိ ဖြစ်ပါတယ်။ Sony Interactive Entertainment (SIE) အတွက် အမြန်ဆုံး ရောင်းချရတဲ့ ဂိမ်းစက် အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။ ဒါတောင် Sony က အဓိက ဈေးကွက် ဖြစ်တဲ့ တရုတ်မှာ အဲဒီ ဂိမ်းစက်ကို ဒီနှစ် ဧပြီလ မတိုင်ခင်အထိ မရောင်းပေးခဲ့ပါဘူး။ Supply ပြဿနာသာ မရှိရင် Sony ဟာ ဒီထက်ပိုရောင်းကောင်းမှာ သံသယဖြစ်စရာ မလိုပါဘူး။

Sony က ဒီလို စံချိန်တင် ရောင်းအားကောင်းခဲ့တာဟာ ကမ္ဘာအဝန်းမှာ ရှိတဲ့  The Product Development Team, The Hardware Engineering , Operations Team နဲ့  The Business Operations Team တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့်လို့ ချီးကျူးလိုက်ပါတယ်။

Sony onthult twee PlayStation 5-consoles met opvallend nieuw design | De  Morgen

Sony က PS5 အတွက် Exclusive Games တွေထဲမှာ God of War: Ragnarok, Gran Turismo 7 နဲ့ Horizon Forbidden West တို့ ပါဝင်တယ်လို့ ပြောပါတယ်။ ဒါ့အပြင် နာမည်ကြီး Game တွေ ဖြစ်တဲ့ Battlefield 2042, DEATHLOOP, Far Cry 6 နဲ့ Kena: Bridge of Spirits တို့ကိုလည်း ကစားနိုင်မှာပါ။ အဲဒီ Game တွေထဲက တချို့ကို ဒီနှစ်အတွင်း ဖြန့်ချိပေးမှာ ဖြစ်ပြီး တချို့ကိုတော့ နောက်နှစ်ကျမှ ကစားနိုင်မှာပါ။

Sony က ကမ္ဘာအဝန်းမှာ Supply ပိုရအောင် ကြိုးစားနေပြီး လူတိုင်း ဝယ်ယူနိုင်မယ့် နေ့ကို မစောင့်နိုင်တော့ဘူးလို့ ပြောပါတယ်။ PS5 ရဲ့ Disc Drive မပါတဲ့ Digital Edition ကို ၃၉၉ ဒေါ်လာနဲ့ Drive ပါတဲ့ Edition ကို ၄၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၆ သိန်း ၅ သောင်းနဲ့ ၈ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : gizmochina