Sony ဟာ သူ့ရဲ့ Compact line ကို ၂၀၂၁ မှာ ပြန်ပြီးတော့ စတင်မယ်လို့ လွန်ခဲ့တဲ့ သြဂုတ်လကတည်းက သတင်းထွက်ခဲ့ဖူးပါတယ်။ Xperia Compact မော်ဒယ်ကို ၂၀၂၁ ရဲ့ ပထမနှစ်ဝက်မှာပဲ စတင်ထုတ်လွှတ်မယ်လို့ ဂျပန်ဘလော့ဂ်တစ်ခုဖြစ်တဲ့ Android Next ကလည်း ဖော်ပြခဲ့ပါတယ်။

အခုနောက်ဆုံးထွက်လာတဲ့ ကောလာဟလသတင်းတွေကတော့ Sony ဟာ သူ့ရဲ့ Compact ဖုန်းကို Qualcomm ရဲ့ 6nm 5G-enabled chip Snapdragon 775G နဲ့ ထုတ်လုပ်မယ်လို့ ဖော်ပြထားပါတယ်။ Snapdragon 755G ဟာ Flagship မဟုတ်ပေမယ့် စွမ်းဆောင်ရည်မြင့်ပြီး Flagship SoC တွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိမယ်လို့ သတင်းထွက်ထားတာ ဖြစ်ပါတယ်။

ခန့်မှန်းချက်တွေကတော့ လာမယ့် Sony Xperia Compact ဟာ Android အသုံးပြုသူတွေအတွက် iPhone 12 Mini အစား ရွေးချယ်စရာတစ်ခုဖြစ်လာမယ်လို့ ဆိုကြပါတယ်။ ဒါ့အပြင် ဒီဟန်းဆက်ဟာ 5.5-inch display နဲ့ဖြစ်ပြီး Xperia 1 II ဒါမှမဟုတ် Xperia 5 II ကို အခြေခံထားဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ကနဦးသတင်းတွေတုန်းကတည်းက 5.5-inch မျက်နှာပြင်၊ Snapdragon 665 သုံးထားမယ်လို့ ဖော်ပြခဲ့ဖူးတာပါ။

Sony ရဲ့ နောက်ဆုံး Compact ဖုန်းဟာ Xperia Xz2 Compact ဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်ကထွက်ခဲ့တာပါ။ မျက်နှာပြင်အရွယ်အစားက 5.5-inch ဖြစ်ခဲ့ပြီး Snapdragon 845 သုံးခဲ့ပါတယ်။ ၂၀၁၉ စက်တင်ဘာမှာတော့ သိပ်ပြီးတော့ မသေးတဲ့ 6.1-inch Xperia 5 ကို ကြေညာခဲ့ပါတယ်။ Compact လို့ မပြောနိုင်ပေမယ့် လက်တစ်ဘက်တည်းနဲ့ ကောင်းကောင်းကိုင်တွယ်နိုင်တဲ့အရွယ်လို့ပြောနိုင်ပါတယ်။

Apple က 5.4-inch အရွယ် iPhone 12 mini ကို မိတ်ဆက်ပြီး သေးငယ်တဲ့စမတ်ဖုန်းရှားပါးမှုကွက်လပ်ကို ဖြည့်စွက်လိုက်တယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ ပုံမှန်ထက် ပိုပြီးကျသင့်ရတာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းပိုင်းအရ ယှဉ်ပြိုင်မှုပြင်းထန်လွန်းနေတဲ့ Android မှာ ဒီလို Compact ဖုန်း ထုတ်မယ်ဆိုရင်လည်း ထုတ်လုပ်မှုကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားကြရမှာ ဖြစ်ပါတယ်။

Ref: Phone Arena