Sony က ဩဂုတ်လ ၆ ရက်နေ့မှာ ထုတ်ကုန် အသစ်တွေကို ကြေညာမှာ ဖြစ်ပြီး WH-1000XM4 Headphones ပါလာနိုင်ပါတယ်။ မိတ်ဆက်ပွဲအတွက် Sony က #ListenWithSony Slogan ကို အသုံးပြုထားတဲ့အတွက် Headphones ဖြစ်ဖို့ သေချာသလောက် ရှိပါတယ်။

ဇွန်လမှာ Sony ရဲ့ XM4 Headphones ရဲ့ သတင်းတွေထွက်လာခဲ့ပြီး လက်ရှိ ရောင်းချထားတဲ့ WH-1000XM3s ကို အနည်းငယ် အဆင့်မြှင့်ထားတာလို့ သိရပါတယ်။ မော်ဒယ် အသစ်မှာ သီချင်းဖိုင်တွေကို AI Real-time Upscaling ပြုလုပ်ပေးတာ ပါလာမှာပါ။ အဲဒီ Headphones ကို ဘရာဇီးမှာ စာရင်းတင်ထားပြီး ဒီဇိုင်းက အရင်မျိုးဆက်တွေနဲ့ သိပ်မကွာခြားပါဘူး။

ဒါ့အပြင် XM4 မှာ 40mm Liquid Crystal Polymer (LCP) Drivers ပါလာမှာ ဖြစ်ပြီး ထိပ်တန်းအဆင့် Active Noise Cancellation (ANC) ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဘက်ထရီ သက်တမ်းက နာရီ ၃၀ ဖြစ်တဲ့အတွက် တော်တော် အသုံးခံပြီး ၃၄၈ ဒေါ်လာနဲ့ ရောင်းချနိုင်ပါတယ်။ မြန်မာငွေ ၄ သိန်း ၇ သောင်းလောက် ကျသင့်နိုင်ပါတယ်။

Ref : gsmarena