Sony ကနေ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက MWC Event ဖျက်သိမ်းလိုက်တဲ့အတွက် Live Event တစ်ခုနဲ့ Sony Xperia 1 II ကို မိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါ စမတ်ဖုန်းကို ရောင်းချမယ့်အချိန်အတိအကျမသိရှိသေးပေမယ့်လည်း နောက်ထပ်သတင်းအချို့ကတော့ ထွက်ပေါ်လာပြန်ပါပြီ။

ဒါကတော့ Camera Sensor တွေနဲ့ ပတ်သတ်တဲ့သတင်းပဲ ဖြစ်ပါတယ်။ Xperia 1 II မှာ Sony Camera Sensor တွေတင်မဟုတ်ဘဲ Samsung ရဲ့ Camera Sensor တွေကိုပါ အသုံးပြုထားတာပါ။

အခုသတင်းအရ Sony Xperia 1 II ဖုန်းမှာ Primary Camera Sensor ကို Sony IMX 557 12MP 24mm f1.7 Sensor တပ်ဆင်ပေးထားပြီး အဆိုပါ Sensor ဟာ Samsung Galaxy S20 Series ဖုန်းတွေရဲ့ IMX 555 Sensor ကို အဆင့်မြှင့်တင်ထားပုံပါပဲ။ Ultrawide အနေနဲ့ကတော့ Sony IMX 363 12mm f2.2 Sensor ကို ထည့်သွင်းပေးထားတာပါ။

ဒါပေမယ့် Telephoto Sensor ကိုတော့ Samsung ရဲ့ ISOCELL S5K3T2 12MP 70mm f2.4 Sensor ကို သုံးစွဲထားပါတယ်။ ဒါတင်မဟုတ်သေးဘဲ 8MP f2.0 Selfie Camera ကလည်း Samsung ရဲ့ ISOCELL S5K4H7 Sensor ကိုပဲ အသုံးပြုထားတာပါ။

နောက်ထပ်သတင်းတစ်ခုအနေနဲ့ Sony Xperia 1 II စမတ်ဖုန်းဟာ Storage ပိုင်းမှာလည်း UFS 3.1 အစား UFS 3.0 ကိုပဲ အသုံးပြုထားတုန်းဖြစ်တယ်လို့ သိရပါတယ်။

Ref – Gizmo China