Sony က စွမ်းရည်သင့် Xperia 10 II ကို ကြေညာလိုက်ပါတယ်။ ( Xperia Ten Mark Two လို့ အသံထွက်ပါတယ်။ ) အဲဒီဖုန်းမှာ စွမ်းရည်သင့် Snapdragon 665 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Storage ပါပါတယ်။ အနောက်ကင်မရာ ၃ လုံး ( ရိုးရိုး၊ Ultrawide နဲ့ Telephoto) ထည့်သွင်းထားပြီး Sony ရောင်းထားပြီးသမျှ စွမ်းရည်သင့် ဖုန်းတွေထဲမှာ အရွယ်အစား အကြီးဆုံး ဘက်ထရီ တပ်ဆင်ထားပါတယ်။

Xperia 10 II မှာ ၆ လက်မ OLED မျက်နှာပြင် ထည့်သွင်းထားပြီး 21:9 CinemaWide Ratio ဖြစ်တဲ့အတွက် ရုပ်ရှင်နဲ့ ဗီဒီယိုတွေကြည့်ရင် အရမ်းမိုက်ပါတယ်။ Full HD+ အရည်အသွေးရှိပါတယ်။ 12MP Main (PDAF) , 8MP Ultrawide Angle နဲ့ 8MP 2x Telephoto ကင်မရာတွေကို အနောက်ဘက် ဘယ်ဘက်ထိပ်မှာ ဒေါင်လိုက် တပ်ဆင်ထားပါတယ်။ အရှေ့ကင်မရာက 8MP ဖြစ်ပါတယ်။

Sony က Xperia 10 II ဟာ အရင်မျိုးဆက် Xperia 10 ထက် ပိုရှည်၊ ပိုကျယ်ပေမယ့် ၁၀ ရာခိုင်နှုန်း ပိုမို ပေါ့ပါးတယ်လို့ ကြေညာပါတယ်။ 3,600mAh ဘက်ထရီ ပါလာပြီး အရင်နှစ် မော်ဒယ်ထက် ၂၅ ရာခိုင်နှုန်း ပိုများပါတယ်။ Xperia Adaptive Charging ပါတဲ့အတွက် အချိန်တော်တော်ကြာတဲ့အထိ ဘက်ထရီ စွမ်းရည်မကျသွားအောင် ကူညီပေးနိုင်ပါတယ်။

ဘက်ထရီ ပမာဏ ပိုများလာပေမယ့် Sony က Xperia 10 II ကို အရင်မျိုးဆက်ထက် ပါးလွှာအောင် ဖန်တီးထားနိုင်ပါတယ်။ IP65/68 စံနှုန်းရှိတဲ့အတွက် ရေစိုတာ ခံနိုင်ပြီး ဖုန်မဝင်အောင် ကာကွယ်ပေးပါတယ်။ အရှေ့နဲ့ အနောက်ဘက်ကို နောက်ဆုံးထုတ် Gorilla Glass 6 နဲ့ ဖုံးအုပ်ထားပါတယ်။ အနက်နဲ့ အဖြူရောင် ထုတ်လုပ်ထားပြီး နွေဦးမှာ ရောင်းမှာပါ။ Sony က ဈေးကို မပြောသေးပါဘူး။

Ref : gsmarena