ဘူးထဲမှာ Charger မပါဘဲ စမတ်ဖုန်းရောင်းချတဲ့ နောက်ဆုံးကုမ္ပဏီဟာ Sony ဖြစ်လာပါတယ်။ Sony က နိုင်ငံတချို့မှာ Charger မပါဘဲ Xperia 10 III ကို ရောင်းချနေပါတယ်။

Sony ရဲ့ ဂျာမနီ ဌာနက ဒီသတင်းကို အတည်ပြုထားပြီး တချို့ စတိုးတွေကနေ ရောင်းချတဲ့ Xperia 10 III မှာ Charger မထည့်သွင်းပေးထားဘူးလို့ ပြောပါတယ်။ ဒီလို Charger မထည့်သွင်းပေးထားတဲ့အတွက် ဈေးနှုန်းကို ၁၀ ယူရို လျှော့ချပေးထားပါတယ်။ တချို့ စတိုးတွေကနေ ရောင်းချတဲ့ မော်ဒယ်တွေမှာတော့ Charger ထည့်သွင်းပေးထားပါတယ်။

Sony has also removed the charger from the Xperia smartphone box. The first was the Sony Xperia 10 III - World Stock Market

Sony ဟာ Charger မထည့်သွင်းပေးထားတဲ့ မော်ဒယ်တွေအတွက် ဈေးနှုန်း လျှော့ချပေးထားတာ ကြိုဆိုရမှာ ဖြစ်ပါတယ်။ တခြား ကုမ္ပဏီတွေကတော့ Charger မထည့်သွင်းပေးထားပေမယ့် ဈေးလျှော့ချပေးတာမျိုး မရှိကြပါဘူး။ Sony က Charger ကို ဘာ့ကြောင့် မထည့်သွင်းပေးထားသလဲဆိုတာကို ရှင်းရှင်းလင်းလင်း မပြောထားပေမယ့် ကမ္ဘာအဝန်းမှာ စမတ်ဖုန်း အစိတ်အပိုင်းတွေ ရှားပါးလာလို့ ဖြစ်နိုင်ပါတယ်။ Chip ပြတ်တောက်မှုတွေ ဖြစ်နေတာတော့ သေချာပေမယ့် Charger ပြတ်တောက်မှု ဖြစ်တယ်လို့ မကြားမိသေးပါဘူး။

Sony ဟာ စမတ်ဖုန်းဘူးထဲမှာ Charger မထည့်သွင်းပေးတဲ့ လမ်းစဉ်ကို နောက်ပိုင်းထုတ် စမတ်ဖုန်းတွေမှာလည်း ကျင့်သုံးနိုင်ပါတယ်။ ဂျာမနီအပြင် တခြားနိုင်ငံတွေမှာ ရောင်းချတဲ့ Sony Xperia 10 III မော်ဒယ်တွေမှာလည်း Charger တွေ ဖယ်ရှားလာနိုင်ပါတယ်။

Ref : gsmarena