Sony က တတိယမျိုးဆက် စမတ်ဖုန်း အသစ်တွေကို ၂၀၂၁ ခုနှစ်ထဲ ကြေညာတော့မှာ ဖြစ်ပြီး အဲဒီထဲက ၁ လုံးဟာ Xperia 10 III ဖြစ်ပါတယ်။ အရင်နှစ်ထုတ် Xperia 10 II ရဲ့ မျိးဆက်သစ် ဖြစ်ပြီး အခုပေါက်ကြားလာတဲ့ Xperia 10 III ရဲ့ ဓါတ်ပုံတွေအရ ဒီဇိုင်းက ခွဲမရအောင် တူညီပါတယ်။

Sony Xperia 10 III leaks in official looking renders

ပေါက်ကြားသတင်းတွေအရ Xperia 10 III မှာ ၆ လက်မ မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး Sony က မျက်နှာပြင် ဘေးဘောင်တွေ ပါတဲ့ ဒီဇိုင်းကိုပဲ သုံးထားတာက ၂၀၂၁ ခုနှစ်မှာ ဒိတ်အောက်နေပြီလို့ ဆိုရမှာပါ။ အရွယ်အစား အပြည့်အစုံဟာ 154.4 x 68.4 x 8.3 mm ဖြစ်ပြီး ကင်မရာ Bump ပါ ထည့်တွက်ရင် 9.1mm ထူပါတယ်။ အရင်မျိုးဆက်ထက် နည်းနည်း တိုပြီး ကျဉ်းသွားပေမယ့် 0.1mm ပိုထူလာပါတယ်။

Sony Xperia 10 III leaks in official looking renders

အရင်သတင်းတွေအရ Xperia 10 III မှာ Qualcomm Snapdragon 690 5G Chipset မောင်းနှင်ထားပြီး 10 II တုန်းက 665 SoC ကို အသုံးပြုခဲ့ပါတယ်။

Sony Xperia 10 III leaks in official looking renders

လက်ရှိမှာ Xperia 10 III ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ သတင်းအချက်အလက်တွေ ပိုမို သိလာရနိုင်ပြီး လာမယ့်  လအနည်းငယ်အတွင်း ကြေညာနိုင်ပါတယ်။

Ref : gsmarena