Elon Musk က နောက်နှစ် ၃၀ (၂၀၅၄ ခုနှစ်)အတွင်း အင်္ဂါဂြိုလ်မှာ လူ ၁ သန်း နေထိုင်နိုင်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။ ကမ္ဘာ ကနေ မိုင် သန်းပေါင်း ၁၄၀ ကွာဝေးတဲ့ အင်္ဂါဂြိုလ်ကို သွားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အရင်က ထင်စရာပါ။

Elon Musk's mission to Mars could RUIN the Red Planet, scientist warns - as the SpaceX CEO reveals plans to set up a city there by 2054 | Daily Mail Online

ဒါပေမယ့် SpaceX ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ကမ္ဘာကို ပြန်လည်ကျရောက်လာတဲ့  Starshiop Rocket Booster ကို စက်ရုပ်လက်တံနဲ့ မပျက်မဆီးဘဲ အောင်မြင်စွာ ဖမ်းယူပြနိုင်ခဲ့ပါတယ်။ အဲဒီအတွက် Elon Musk က နောက်နှစ် ၃၀ အတွင်း အင်္ဂါဂြိုလ်ကို လူသားတွေ ပို့ဆောင်နိုင်မယ်လို့ ဟောကိန်းထုတ်လိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ SpaceX ဟာ တန် ၃,၀၀၀ အလေးချိန်ရှိတဲ့ ဒုံးပျံကို ကမ္ဘာပတ်လမ်းကြောင်းထဲသို့ ၇၁ မီတာ (၂၄၂ ပေ) ရှည်လျားတဲ့ Super Heavy Booster နဲ့ လွှတ်တင်ခဲ့ပြီး ကမ္ဘာကို ပြန်လည်ကျရောက်လာတဲ့ Booster ကို အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့ပါတယ်။

Elon Musk: 'First Mars City' Construction Happening Within 2020 Decade, Not 2054

ဒါဟာ အာကာသ နည်းပညာသမိုင်းသစ်ကို SpaceX က ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ အာကာသယာဉ်မှာ တစ်ကြိမ်ကို လူ ၁၀၀ ကျော် စီးနင်းနိုင်တဲ့အတွက် အင်္ဂါဂြိုလ်ကို ခရီးသွားဖို့ မျှော်လင့်ချက် ရှိနေပါတယ်။

Musk က နောက်နှစ် ၃၀ အတွင်း အင်္ဂါဂြိုလ်မှာ လူ ၁ သန်းကျော် နေထိုင်နိုင်တဲ့ မြို့ကို တည်ဆောက်နိုင်မယ်လို့ X လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သူဟာ ငယ်စဉ်ကတည်းက အာကာသမှ တခြား ဂြိုလ်တွေကို နယ်ချဲ့ဖို့ စိတ်ကူးယဉ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ ရည်မှန်းချက်တွေ အောင်မြင်လာမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

Ref: msn